Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၉) ရက်နေ့မှ ဩဂုတ်(၈) ရက်နေ့အထိ ကုန်သွယ်မှုသတင်း

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂၉) ရက်နေ့မှ ဩဂုတ်(၈) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၁၃.၇၂၉) ဒေါ်လာသန်း၊ သွင်းကုန် (၃၂.၂၇၉) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၄၆.၀၇၁) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

   အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ (၄၃၅၂.၅၀၀)တန်၊ တန်ဖိုး (၅.၄၁၆) ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၃၂၃.၁၄၃)တန်၊ တန်ဖိုး (၂.၄၂၄)ဒေါ်လာသန်း၊ ပဲယင်း (၂၄၅၁.၂၀၀)တန်၊ တန်ဖိုး (၂.၀၁၆)ဒေါ်လာသန်း၊ မြေထောက်ပဲ (၇၃၁.၀၀၀)တန်၊ တန်ဖိုး (၁.၀၈၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၉၁၆.၈၅) တန်၊ တန်ဖိုး (၀.၆၉၄)ဒေါ်လာသန်း၊ ထောပတ်ပဲ (၅၄၂.၆၄၁)တန်၊ တန်ဖိုး (၀.၅၉၄) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၄၃၃.၇၅၀)တန်၊ တန်ဖိုး (၀.၂၈၄)ဒေါ်လာသန်း၊ မြေပဲဆံ (၁၀၇.၂၂) တန်၊ တန်ဖိုး (၀.၁၇၁)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၃၉.၀၇၅) တန်၊ တန်ဖိုး (၀.၀၉၃)ဒေါ်လာသန်းနှင့် ပြောင်း (၂၇၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၈)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၁၀.၁၄၃)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ (၄.၀၆၇)ဒေါ်လာသန်း၊ ချည်ထည်များ (၂.၉၈၄) ဒေါ်လာသန်း၊ သံနှင့်သံမဏိအပိုပစ္စည်းများ (၁.၅၃၃)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသောပစ္စည်းများ (၁.၁၈၃) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၁.၀၅၇) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၈၅၀)ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးကိရိယာများ (၀.၅၆၀)ဒေါ်လာသန်း၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ (၀.၅၅၅) ဒေါ်လာသန်း နှင့် အချိုမှုန့် (၀.၄၁၂) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

     ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၀) ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်းသိရသည်။ လယ်ယာထွက်ကုန် ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News