Local News

ပြည်ပအဝယ်လိုက်၍ မြန်မာကြက်သွန်နီ ဈေးကောင်းရနေ

Last Updated:

မြန်မာကြက်သွန်နီကို ပြီးခဲ့တဲ့ဩဂုတ်လကုန်လောက်ကစပြီး တရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေက ဝယ်ယူမှုများလာတာကြောင့် အရောင်းအဝယ်သွက်ပြီး ကြက်သွန်စိုက်တောင်သူတွေ ဈေးကောင်းရနေတယ်လို့ သိရပါတယ်။ အခုလိုဈေးကောင်းရရှိလာတာကြောင့် ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ အချိန်စောစောစိုက်ပျိုးလာကြသလို စိုက်ပျိုးသူတွေလည်း ပိုမိုများပြားလာတယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကနေ သိရပါသည်။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက အိန္ဒိယနိုင်ငံကနေ ကြက်သွန်နီပြည်ပတင်ပို့ကုန် အခွန်တိုးမြှင့်လိုက်တာကြောင့် ပြည်ပနိုင်ငံတချို့က မြန်မာကြက်သွန်နီကိုတိုးမြှင့်မှာယူတာတွေရှိလာတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေ ဈေးကောင်းရရှိကာ အဆင်ပြေလာတာဖြစ်တယ်လို့လည်း ဆိုပါသည်။ စက်တင်ဘာလ ၁၄ ရက် ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ ကြက်သွန်နီလက္ကားဈေးနှုန်းတွေကတော့ တစ်ပိဿာကို ငွေကျပ် ၂၅၀၀ ကနေ ၂၉၅၀ ကျပ်အထိရှိနေပြီး မုံရွာနဲ့ဆိတ်ဖြူမြို့နယ်တွေက ဝင်ရောက်မှု များပြားနေတာ ဖြစ်တယ်လို့ သိရပါသည်။ 

Source: https://t.me/htwettoe

 

Category: Local News