Local News

ရခိုင်ပြည်နယ်စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်းအခြေအနေ

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၄-၁၁-၂၀၂၃) မှ (၁၀-၁၁-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် ကြက်သွန်နီ၊ မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ ငရုတ်သီးခြောက်၊ နနွင်းတက်၊ ကွမ်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွ၊ ငါးသလောက်နှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိ ကန် ဒေါ်လာ ၄၁၆၈၁၁ ဒဿမ ၆၆ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် နနွင်းတက်တန်ချိန် ၃ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ နနွင်းတက် တန်ချိန် ၁၂ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် နနွင်းတက် တန်ချိန် တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် နနွင်းတက် တင်ပို့နိုင်မှုငွေပမာဏမှာ ၄၁၇၆၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးသလောက်တန်ချိန် ၉ ဒဿမ ၁၆၂ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးသလောက် တန်ချိန် ၂ ဒဿမ ၅၂ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးသလောက်တန်ချိန် ပိုမို၍တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ငါးသလောက်တင်ပို့နိုင်မှု ငွေပမာဏမှာ ၅၅၇၇၀ ဒဿမ ၁၂ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ ၁၀ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လုပ်ငန်းသုံးကုန်ပစ္စည်းများအနေဖြင့် Writing A4 paper (60 to 80 GSM) တင်သွင်းခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၅၀၀၀ ဒေါ်လာ တင်သွင်းနိုင်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

 

Category: Local News