Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ(၁)ရက်မှ (၁၂)ရက်ထိကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၆.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၈.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာပို့ကုန် (၆.၅၁၁) ဒေါ်လာသန်း၊ သွင်းကုန်(၁.၃၆၉)ဒေါ်လာသန်း၊ စုစုပေါင်း (၇.၈၈၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၂.၅၉၄%)ဆောင်ရွက်ပြီးဖြစ်ပါသည်။

ဒီဇင်ဘာလ (၁၂) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရဲသီး၊ Marble Stone ၊ ရော်ဘာ၊ ရှောက်ကောပါကောနှင့် ဧည့်မထဆန်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှ (၁၂) ရက်နေ့ထိ ကုန်ပစ္စည်းအမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၈၂၅) တန်၊ တန်ဖိုး (၅.၇၉၆) ဒေါ်လာသန်း၊ ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် တန်ချိန် (၁၉၃)တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၉၅) တန်၊ တန်ဖိုး(၀.၀၆၈)ဒေါ်လာသန်း၊ ရှောက်ကောပါကောတင်ပို့မှုအနေဖြင့် တန်ချိန်(၂၀)တန်၊ တန်ဖိုး(၀.၀၂၂)ဒေါ်လာသန်း၊ Marble Stoneတင်ပို့မှုအနေဖြင့် တန်ချိန်(၂၄၀)တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်းနှင့် ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၅၇၂)တန်၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၅၇) တန်၊ တန်ဖိုး(၀.၁၅၄)ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၄၁၇) တန်၊ တန်ဖိုး (၀.၉၄၅) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၄၁၄) တန်၊ တန်ဖိုး (၀.၂၇၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည်သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News