Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ပို့ကုန်/သွင်းကုန် ကုန်သွယ်နိုင်မှု အခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့မှ ( ၁၂ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၈၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၁၈) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၉၀၈)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာလ ( ၁၁ ) ရက်နေ့မှ ( ၁၂ ) ရက်နေ့အထိ အဓိကတင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၈.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၀၅)သန်း၊ ဂျင်းခရု (အရှင်) (၈.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂)သန်း၊ ပုစွန်ငါးပိ (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၉)သန်း၊ ဂဏန်း (အသေ) (၅.၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၆၈)သန်း၊ ရေခူဆားနယ် (၁၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၁၁) သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၇)၊ ငှက်ပျောသီး (၅၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၅)သန်း၊ ငရုတ်သီးစိမ်း (၂၅.၇၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၆)သန်း၊ ကြက်သွန်နီ (၁၂၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၉၃၂)သန်း၊ တံမြက်စည်း (၁၅၀၀၀)U၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၀၃၁)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး(၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၈)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၁၅၁.၄) ဒေါ်လာနှုန်း၊ (၇၈.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၀၅)သန်း၊ ဂျင်းခရု (အရှင်) (၁၅၄၀.၂၃) ဒေါ်လာနှုန်း၊ (၈.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၄) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄၀၀၀) ဒေါ်လာနှုန်း၊ (၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ပုစွန်ငါးပိ (၁၇၈၀) ဒေါ်လာ နှုန်း၊ (၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၉) သန်း၊ ဂဏန်း (အသေ) (၁၂၁၄.၂၉) ဒေါ်လာနှုန်း၊ (၅.၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၈) သန်း၊ ရေခူဆားနယ် (၁၉၁၈.၁၈) ဒေါ်လာနှုန်း၊ (၁၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁၁) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၄၁၆.၆၇) ဒေါ်လာနှုန်း၊ (၀.၇၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၇) သန်း၊ ငှက်ပျောသီး(၃၁၀) ဒေါ်လာနှုန်း၊ (၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၅)သန်း၊ ငရုတ်သီးစိမ်း (၈၀၀.၃၁) ဒေါ်လာနှုန်း၊ (၂၅.၇၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၆) သန်း၊ ကြက်သွန်နီ(၇၂၈.၁၃)ဒေါ်လာနှုန်း၊ (၁၂၈) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၉၃၂)သန်း တံမြက်စည်း (၁)ချောင်းလျှင် (၀.၂၀၇) ဒေါ်လာနှုန်း၊ (၁၅၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃၁)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်းမှအဓိက တင်သွင်းလျက်ရှိသည့်သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၄၅၀) ဒေါ်လာနှုန်း၊ (၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၈)သန်း ဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁) စီးလျှင်ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News