Local News

မုံရွာမြို့တွင် ကွမ်းဈေးနှုန်းများ ဆက်လက်မြင့်တက်

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့ အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကွမ်းတစ်ပိဿာလျှင် (၁၀,၀၀၀-၁၁,၀၀၀) ကျပ် နှုန်းများဖြင့်လည်းကောင်း၊ ဇန်နဝါရီလ  ပထမပတ်တွင် (၁၁,၀၀၀-၁၃,၀၀၀)ကျပ် နှုန်းများဖြင့်လည်းကောင်း၊ ဇန်နဝါရီလ ဒုတိယပတ်တွင် (၁၄၀၀၀-၁၆၀၀၀) ကျပ်နှုန်းများဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်းများ လျော့နည်းပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှု နည်းပါးကာ  ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Source: https://commerce.gov.mm

Category: Local News