Local News

ဆောင်းနေကြာနှင့်ဆောင်းမြေပဲသီးနှံစိုက်ပျိုးမှုအခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများသွင်းအားစု အမှန်တစ် ကယ်သုံးစွဲမှုရှိစေရေး၊ အရည်အသွေးပြည့်မီသည့် သီးနှံများ အထွက်နှုန်းကောင်းမွန်စွာရရှိစေရေး၊ ထွက်ရှိလာသည့် သီးနှံများကို အစုအဖွဲ့စနစ်ဖြင့် ရောင်းချနိုင်ရေးရည်ရွယ်၍ ဆီထွက်သီးနှံများဖြစ်သော ဆောင်းနေကြာ ၆,၃၀၂ ဧကနှင့် ဆောင်းမြေပဲ ၄,၆၃၁ ဧကအား စိုက်ပျိုးရန်လျာထားလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ဆောင်းနေကြာသီးသန့် စိုက်ဧက ၃၃ ဧကနှင့် သီးညှပ်စိုက် ဧက ၁,၂၁၁ ဧက၊ စုစုပေါင်းစိုက်ပျိုးပြီး ဧက ၁,၂၄၄ ဧကနှင့် ဆောင်းမြေပဲဧက ၅,၂၃၇ ဧကအား အောင်မြင်စွာ စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကံမမြို့နယ်၊ ကျေးရွာအုပ်စု ၅၄ အုပ်စုအတွင်းရှိ ဓမ္မသော်ကျေးရွာအုပ်စု၊ ဓမ္မသော်ကျေးရွာတွင် ဆောင်းနေကြာသီးနှံဧက ၃၉၃ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News