Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၇၁) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၇၇၅) သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မှ (၁၃) ရက်နေ့အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၅၆) တန်၊ (၀.၀၁၆၆) ဒေါ်လာသန်း၊ ငရုတ်သီး (၃၃.၅၆၄) တန်၊ တန်ဖိုး (၀.၀၂၆၅) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၇.၃၂၀) တန်၊ တန်ဖိုး (၀.၀၃၁၀) ဒေါ်လာသန်း၊  စက်မှုကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁.၅) တန်၊ တန်ဖိုး (၀.၀၀၀၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း  အဓိကတင်ပို့လျက်ရှိသည့်  ပို့ကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၁၁၃၄.၇) ဒေါ်လာနှုန်း၊ ပုစွန် (၄၁၂၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၀.၀၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၆.၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၂၉၆၄၂၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၈၉.၅၃၆) ဒေါ်လာနှုန်း၊ တံမြက်စည်းတစ်ချောင်း လျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။ မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၂၆၆.၆၆၇) ဒေါ်လာနှုန်း ဖြစ်ပါသည်။

မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ 

Source: https://commerce.gov.mm

Category: Local News