Local News

လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ယခင်အပတ်အတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၈၇၀၉၀၆၄.၉၆၀ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်း ငွေပမာဏ တန်ဖိုးမှာ ၂၂၀၈၁၃၂.၂၄၀ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါ သည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်ကွဲ၊ ဆန်၊ ဖရဲသီး၊ ကြံ၊ ငရုတ်သီး ခြောက်၊ ကော်ဖီမစ်၊ ကြက်သွန်နီ၊ သခွားမွှေး၊ ဇီးဆံ၊ ဖရုံသီးနှင့် ဆန်များ တင်ပို့ခဲ့ကြောင်း သိရှိရ ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၈၉၆၅၈၃.၁၅၀ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကံပိုင်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၅၈၁၂၄၈၁.၈၁၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ကုန်ထုတ်စက္ကူများ၊ စက်နှင့်စက်ပစ္စည်းများ၊  ချည်ထည် များ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်‌ရေးပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ သံပိုက်၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ပလပ်စတစ်ပိုက်၊ ပန်းသီးနှင့် မြက်ခင်းတုများ တင်သွင်းမှု ရှိခဲ့ပါသည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့အမှန် တင်သွင်းကုန်၏ ငွေ ပမာဏမှာ ကန်ဒေါ်လာ ၇၃၈၄၆၇.၅၀၀ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း မှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၁၄၆၉၆၆၄.၇၄၀ တင်သွင်းမှု ရှိကြောင်းသိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News