Local News

ကော့သောင်း (FOB) စစ်ဆေးရေးစခန်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ကုန်တန်ချိန် ၂၀၀၀ နီးပါး တင်ပို့ထား

Last Updated:

      တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း (FOB)  စစ်ဆေးရေးစခန်းမှ  ထိုင်းနိုင်ငံ ရနောင်းသို့  ယခုနှစ်  ဧပြီလတစ်လတာ ကာလအတွင်း ရေထွက်ကုန်တန်ချိန် ၂၀၀၀ နီးပါးတင်ပို့ထားကြောင်း    ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ပြောပြချက်အရ သိရသည်။ “ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ ထိုင်းနိုင်ငံ  ရနောင်းကို  ရေထွက်ကုန်  ၁၉၇၆ ဒသမ ၈၉၁ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၂၉၅၆၇၉ ဒသမ ၀၁၉ ဒေါ်လာရရှိထားပါတယ်” ဟု ၎င်းကပြောသည်။

     ထိုသို့တင်ပို့ရာတွင် ငါးတန်ချိန် ၁၇၆၅ ဒသမ ၉၈၅ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၇၁၀၈၀၅ ဒသမ ၃၅ ဒေါ်လာ ရရှိခဲ့ပြီး ပုစွန်တန်ချိန်  ၁၃ ဒသမ ၀၂ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၀၅၃၃ ဒသမ ၇၅  ဒေါ်လာရရှိထားကြောင်း၊ တခြားရေထွက်ကုန်တန်ချိန် ၁၉၇ ဒသမ ၈၈၆ တန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ  ၅၁၄၃၃၉   ဒသမ  ၉၁၉   ဒေါ်လာရရှိသည့်အတွက်  စုစုပေါင်း ၁၉၇၆ ဒသမ ၈၉၁ တန်တင်ပို့ပြီး   အမေရိကန်ဒေါ်လာ ၂၂၉၅၆၇၉  ဒသမ  ၀၁၉  ဒေါ်လာရရှိ ထားကြောင်း သိရသည်။ ယခင်နှစ်ကာလတူက ရေထွက်ကုန် ၂၀၀၄၈ ဒသမ ၈၃၅ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၆၅၀၆၃၄၁ ဒသမ ၄၉၃ ဒေါ်လာ ရရှိခဲ့ကြောင်း သိရသည်။ 

Source: https://www.myawady.net.mm
 

Category: Local News