Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့မှု

Last Updated:

       ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေးလျက်ရှိသည်။ (၁၄-၅-၂၀၂၃) ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၅၁) စောင် (၆.၈၇၁) ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၁၄) ရက်နေ့ထိပို့ကုန်လိုင်စင် (-) စောင်နှင့် သွင်းကုန်လိုင်စင် (၅၂၁) စောင်ခွင့်ပြုထုတ်ပေးခဲ့သည်။ (၁၄-၅-၂၀၂၃) ရက်နေ့တွင် အများဆုံးပို့ကုန် ပစ္စည်းများမှာ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ ငါးရှဉ့်၊ ကဏန်း၊ မြေပဲ၊ သကာရည်၊နေလဲစေ့၊ လျှော်ဖြူတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာဆိုလာပြား၊ သွပ်လိပ်၊ ယာဉ်နှင့်ယာဉ်ယန္တရားများ၊ လက်ကိုင်ဖုန်း၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ကော်စေ့၊ လေအေးပေးစက်၊ ကွန်ပေါင်းဓါတ်မြေသြဇာ၊ ဘတ္ထရီတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ် ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၁၄-၅-၂၀၂၃)ရက်နေ့တွင် Form Eထုတ်ပေးမှုမှာ (၅၈) စောင်ဖြစ်ပြီးရေခဲပုစွန် (၃) စောင်၊ သီဟိုဠ်စေ့ (အခွံမပါ) (၂) စောင်၊ ဝါဂွမ်း (၂၁) စောင်၊ ဂျင်းခြောက် (၁) စောင်၊ သရက်ပြားခြောက် (၁) စောင်၊ ပုစွန်ဖွဲ (၂) စောင်၊ ငါးစာမှုန့် (၁) စောင်၊ ဖာလာစေ့ (၁) စောင်၊ လျှော်ဖြူ (၁) စောင်၊ကဏန်း (၇) စောင်၊ ငါးရှဉ့် (၅) စောင်၊ နေလဲစေ့ (၈) စောင်၊ ကြိမ် (၁) စောင်၊ သကာရည် (၄) စောင်တို့အားခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၁၄) ရက်နေ့အထိ Form E  (၆၀၅) စောင်ထုတ်ပေးခဲ့သည်။

          (၁၄-၅-၂၀၂၃) ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၇၉) စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၃၀) စီး၊ စုစုပေါင်း (၂၀၉) စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ ငါးရှဉ့်၊ ကဏန်း၊ မြေပဲ၊ သကာရည်၊ နေလဲစေ့၊ လျှော်ဖြူအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ (၁-၅-၂၀၂၃ မှ ၁၄-၅-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ (၁၃၀၆) စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၈၂၀) စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့်ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့် ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။ မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ (၁) တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁) တန်လျှင် (၂၃၈၀-၂၄၈၀) ယွမ်၊ နှမ်းနက် (၁) တန်လျှင် (၁၁၅၀၀-၁၂၀၀၀) ယွမ်၊ မြေပဲဆံ (၁) တန်လျှင် (၉၅၀၀-၉၇၀၀ ) ယွမ်၊ ဧည့်မထဆန် (၁) တန်လျှင် (၃၄၀၀) ယွမ်၊ ဆန်ကွဲ (A 1-2) (၁) တန်လျှင် (၃၀၀၀) ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀) ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့်ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်သည်။

Source: https://commerce.gov.mm
 

Category: Local News