Local News

မြန်မာနိုင်ငံမှာထွက်ရှိတဲ့ အုန်းသီးများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ လျက်ရှိ

Last Updated:

     မြန်မာနိုင်ငံအတွင်းက ထွက်ရှိတဲ့အုန်းသီးများကို တရုတ်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိတယ်လို့ ကုန်သည်များထံမှ သိရသည်။ ပြည်တွင်းထွက် အုန်းသီးများကို ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည့်အိမ်နီးချင်းနိုင်ငံတို့သို့လည်း အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးမှာ တစ်နှစ်လျှင် အုန်းသီးအလုံးရေ သန်း ၄၀၀ ကျော် ထွက်ရှိကာ ယင်းတို့အနက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းခြံများမှ အုန်းသီးအလုံးရေ သန်း ၁၃၀ ခန့် ထွက်ရှိနေတာဖြစ်ပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်များကိုပါ ချိတ်ဆက်တင်ပို့ရောင်းချနေရကြောင်း သိရပါသည်။

     မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများကို ပြည်ပနိုင်ငံများသို့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၈၂ သန်း တန်ဖိုးရှိ အုန်းသီး ၂၀၆ တန် တင်ပို့နိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂၈ သန်း တန်ဖိုးရှိ အုန်းသီး ၃၁၉ တန် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါသည်။

     လက်ရှိ မြန်မာ့အုန်းသီးဈေးကွက်ဟာ ပြည်ပဝယ်ယူမှုအပြင် ပြည်တွင်းရှိ စားသုံးသူဈေးကွက်တွေ၊ မုန့်လုပ်ငန်းတွေ၊ အုန်းဆီစက်တွေ၊ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေက ဝယ်ယူမှုလည်း မြင့်တက်လျက်ရှိတယ်လို့ သိရပါသည်။

Source: https://www.opinionleadersmm.com

Category: Local News