Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာပို့ကုန် (၃.၇၉၉) ဒေါ်လာသန်း၊ သွင်းကုန် (၂၀.၆၇၃) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၂၄.၄၇၂)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ရော်ဘာ(၈၃၆.၂၅)တန်၊ တန်ဖိုး(၁.၀၃၃)ဒေါ်လာ သန်း၊ဆန်ကွဲ (၁၃၈၆.၇၅)တန်၊ တန်ဖိုး (၀.၅၇၄)ဒေါ်လာသန်း၊နှမ်း(နက်) (၂၄၂.၂၅)တန်၊ တန်ဖိုး (၀.၃၈၃)ဒေါ်လာသန်း၊ ပြောင်း(၁၁၀၂.၀၀၀)တန်၊ တန်ဖိုး(၀.၃၁၄)ဒေါ်လာသန်း၊ ပဲယင်း (၃၅၅.၉၈၇) တန်၊ တန်ဖိုး(၀.၂၈၃)ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၅၃.၀၀၀)တန်၊ တန်ဖိုး(၀.၁၆၀) ဒေါ်လာသန်း၊ ဆန်(၂၀၃.၇၅) တန်၊ တန်ဖိုး (၀.၀၉၂) ဒေါ်လာသန်း၊ပဲလွန်းဖြူ (၆၈.၅၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်း၊ မြေပဲ(အခွံပါ)(၃၃.၉၀)တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာသန်းနှင့် စွန်တာနီပဲ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ(၅.၀၀၈)ဒေါ်လာသန်း၊ချည်ထည်များ (၂.၈၀၅)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ(၂.၃၀၅)ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၁.၀၁၈) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်း (၀.၈၂၁)ဒေါ်လာသန်း၊ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၆၅၄) ဒေါ်လာသန်း၊ ဓာတ်မြေဩဇာ(၀.၄၇၃)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ(၀.၄၅၂)ဒေါ်လာသန်း၊ မီးဖိုချောင်သုံး ပစ္စည်းများ (၀.၃၁၆)ဒေါ်လာသန်းနှင့် ဆေးဝါးပစ္စည်များ (၀.၂၇၇) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန် ကားခတစ်ပိဿာလျှင်(၈၀)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာ လျှင်(၁၇၀)ကျပ်၊ ကုန်ပွကားခတစ်ပိဿာလျှင် (၁၈၅) ကျပ် ရှိကြောင်း သိရသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာ နှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာ နှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။

မန္တလေး၊ လားရှိုး၊ သန္န္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။ တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင်၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့အထိ ဆန်မာတစ် အိတ်လျှင် (၂၁၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၂၈၀) ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင် (၁၅၀) ယွမ်နှင့် ပြောင်းတစ်အိတ်လျှင် (၁၂၅) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံနယ်စပ်ဂိတ်(နမ့်ဖာဟော်)ကို၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင်နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်း မရှိသေးသည့်အတွက် ယာဉ်မောင်းများသည် နမ့်ဖာဟော်တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင် ခဲ့ရသည်။၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ(၂၃)ရက်နေ့(၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/အထွက် အား ပြန်လည်ဖွင့်လှစ်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၁) ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ်(၁၀၀)လျှင်တရုတ်ယွမ် (၀.၂၂၂) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၅၀) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁) ကျပ်သား (၇၅၅၅.၅၅) ယွမ်၊ မြန်မာငွေကျပ် (၃၄၀၀၀၀၀) ရှိကြောင်းသိရှိ ရသည်။

Source: https://commerce.gov.mm

Category: Local News