Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိပါသည်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံ  နှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၂၀)စောင်ဖြစ်ပြီး ရေခဲငါး၊ သီဟိုဠ်စေ့၊ ဝါဂွမ်း၊ လက်ဖက်ခြောက်၊ ကဏန်း၊ ငါးရှဉ့်တို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိစုစုပေါင်း Form E (၂၈၈)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် IRIDIUM (အီရီဒီ ယမ်ဒြပ်စင်သတ္တု) (၀.၃၁၉)ဒေါ်လာသန်း၊ ဝါဂွမ်း(၀.၂၀၂) ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၁၆၆) ဒေါ်လာသန်း၊ ငါးရှဉ့် (၀.၁၂၅) ဒေါ်လာသန်း၊ ဆန်ကွဲ(၀.၀၈၈) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၀.၀၇၉) ဒေါ်လာသန်း၊ အလူ မီနီယံသတ္တု (၀.၀၇၁) ဒေါ်လာသန်း၊ နှမ်း(၀.၀၅၃) ဒေါ်လာသန်း၊ ကဏန်း(၀.၀၄၉) ဒေါ်လာသန်း၊ သကာရည် (၀.၀၃၄) ဒေါ်လာသန်းတို့အများဆုံးတင်ပို့ခဲ့ပါသည်။

သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၀၇၅)ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၇၂) ဒေါ်လာသန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်း (၀.၀၆၆) ဒေါ်လာသန်း၊ ပိတ်လိပ် (၀.၀၅၁) ဒေါ်လာသန်း၊ ဒီဇယ်ဆီ(၀.၀၅၀) ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၀၄၁) ဒေါ်လာသန်း၊ ပန်းသီး(၀.၀၃၉) ဒေါ်လာသန်း၊ ပိုးသတ်ဆေး(၀.၀၂၈)ဒေါ်လာသန်း၊ ဖိနပ်မျိုးစုံ (၀.၀၂၃) ဒေါ်လာသန်း၊ သံချောင်း(၀.၀၂၁)ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၅၆)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၆) စီး၊ စုစုပေါင်း(၁၄၂)စီး၊ ပို့ကုန်(၁.၂၇၉)ဒေါ်လာသန်း၊ သွင်းကုန်(၁.၀၈၂)ဒေါ်လာသန်းနှင့် ကုန်သွယ်မှုပမာဏ (၂.၃၆၁)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၀ ရက်အထိ ပို့ကုန်ယာဉ်စီးရေ (၄၈၂)စီး၊ သွင်းကုန်ယာဉ်စီးရေ (၇၀၆)စီး ကုန်သွယ်မှု (၁၈.၇၄၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။

မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင်(၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန်(၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2)(၁)တန်လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာ RSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ်ဈေးနှုန်း ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း သိရှိရပါသည်။

ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှ ပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၀-၁၀-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၂၇၉) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၁.၀၈၂) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၃၆၁) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ IRIDIUM (အီရီဒီယမ်ဒြပ်စပ်သတ္တု) (၀.၀၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၁၉) သန်း၊ ဝါဂွမ်း(၁၁၇.၀၉၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၂၀၂)သန်း၊ ကြက်သွန်နီ (၂၈၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၆) သန်း၊ ငါးရှဉ့် (၄၁.၈၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၂၅) သန်း၊ ဆန်ကွဲ (၂၁၀.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၈၈) သန်း၊ သီဟိုဠ်စေ့(၁၅.၈၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၇၉) သန်း၊ အလူမီနီယံသတ္တု(၃၅.၁၇၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၃)သန်း၊ နှမ်း (၃၃.၀၀၀)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၅၃) သန်း၊ ကဏန်း (၁၂.၈၃၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၉)သန်းနှင့် သကာရည် (၁၁၃.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၄) သန်း တို့ဖြစ်ပါသည်။

အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၅) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၂) သန်း၊ SKD စနစ်ဖြင့် တင်သွင်းသည့် မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၆) သန်း၊ ပိတ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၁) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀) သန်း၊ ဘတ္ထရီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၁) သန်း၊ ပန်းသီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၉) သန်း၊ ပိုးသတ်ဆေး တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၈) သန်း၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၃) သန်းနှင့် သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၁) သန်းတို့ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့ထိ  ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ   (၉.၀၅၆) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၉.၆၉၂) သန်း ၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၁၈.၇၄၈) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၈၇.၃၃၈) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိပါသည်။

(၁၀-၁၀-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား IRIDIUM (အီရီဒီယမ်ဒြပ်စင်သတ္တု) (၁)တန်လျှင် ကန်ဒေါ်လာ (၁၀၆၃၂၅၄၁.၂၃၈) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် ကန်ဒေါ်လာ (၁၇၂၃.၀၁၅) နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် ကန်ဒေါ်လာ (၅၇၇.၅၄၆) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၀၀.၁၀၁) နှုန်း၊ ဆန်ကွဲ (၁)တန်လျှင် ကန်ဒေါ်လာ (၄၁၉.၀၉၂)နှုန်း၊ သီဟိုဠ်စေ့(၁)တန်လျှင် ကန်ဒေါ်လာ (၅၀၀၂.၄၁၈) နှုန်း၊ အလူမီနီယံသတ္တု(၁)တန်လျှင် ကန်ဒေါ်လာ (၂၀၂၁.၁၃၅)နှုန်း၊ နှမ်း (၁)တန်လျှင် ကန်ဒေါ်လာ (၁၆၁၄.၃၀၆) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၇၉၉.၉၇၇) နှုန်း၊ သကာရည် (၁) တန်လျှင် ကန်ဒေါ်လာ (၃၀၁.၀၂၁)နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News