Local News

ကန့်ဘလူခရိုင်အတွင်းဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်လျက်ရှိရာ သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများ ပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်၌ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ဈေးနှုန်းများမှာ ပန်းဖူး (50) kg တစ်အိတ်လျှင် (၈၅,၀၀၀) ကျပ်၊ မျှားကမ္ဘာ (50) kg တစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ ကွန်ပေါင်း(10:10:5) (50) kg တစ်အိတ်လျှင် (၇၆,၀၀၀) ကျပ်၊ ကွန်ပေါင်း (15:15:15) (50) kg တစ်အိတ်လျှင် (၁၆၀,၀၀၀) ကျပ်၊ ပိုတက် (50) kg တစ်အိတ်လျှင် (၁၄၀,၀၀၀) ကျပ်နှင့် ရွှေတောနစ် (၅၀၀) စီစီ တစ်ဘူးလျှင် (၁၁,၅၀၀) ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီ တစ်ဘူးလျှင် (၂၅,၅၀၀)ကျပ်၊ ဟတ်ကာ (၅၀၀)စီစီ တစ်ဘူးလျှင် (၂၄,၅၀၀) ကျပ်၊ AP ဇာပြာ (၅၀၀) စီစီ တစ်ဘူးလျှင် (၁၇,၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင် စိုက်ပျိုးရေးသုံး ဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှ သိရသည်။

Source: DOCA (စစ်ကိုင်း)

Source: https://commerce.gov.mm

Category: Local News