Local News

သံတောင်ကြီးဒေသထွက် မျှစ်ခြောက်များ ဝယ်လိုအားကောင်း

Last Updated:

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့သည် တောင်ပေါ်မြို့ဖြစ်သောကြောင့်  သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ကြသည်။  မိုးတွင်းအချိန်တွင်  သဘာဝအတိုင်းအလေ့ကျ ပေါက်သည့် မျှစ်များကို တစ်နှစ်ပတ်လုံးအတွက် စားသုံးနိုင်ရန် မျှစ်ခြောက်များ ပြုလုပ်ကြသည်။ ယခုအချိန်တွင် မျှစ်စိုများ ရှားပါးလာပြီဖြစ်သည့်အတွက် မျှစ်ခြောက်များ ဝယ်လိုအားကောင်းလာကြောင်း သိရသည်။

မျှစ်ခြောက်များကို တစ်နှစ်တာလုံး စားသုံးနိုင်ရန် မျှစ်စိုများကို ပါးပါးခြစ်ကာ မနူးတနူးပြုတ်ပြီး အရည်စစ်၍ ထင်းမီး သို့မဟုတ် နေရောင်ဖြင့် အခြောက်ခံကာ လုံခြုံစွာ သိုလှောင်ထားရသည်။ မျှစ်ခြောက်များကို ကရင်ရိုးရာတာဟဲဖိုး၊ တာလပေါ ဟင်းများချက်ပြုတ်ရာတွင် အဓိက အသုံးပြုသည့်အပြင် အခြားသောသီးနှံ၊ အသားများနှင့်လည်း ရောနှောချက်ရာတွင် အလွန်အရသာကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင်သာမက တောင်ငူ၊ ရန်ကုန်နှင့်  အခြားဒေသများမှလည်း မှာယူကြကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News