Local News

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (၁၇.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။ ဇန်နဝါရီလ (၁၄) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာပို့ကုန်(၁၅.၂၇၅) ဒေါ်လာသန်း၊  သွင်းကုန်  (၁.၀၈၅)ဒေါ်လာသန်း၊ စုစုပေါင်း  (၁၆.၃၆၀)  ဒေါ်လာသန်းဖြစ်  သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၈၃.၈၉၇%)  ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဇန်နဝါရီလ (၁၄)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ မြေပဲဆံ၊ ရာဘာ၊ ငရုတ်သီးနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၄)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၁၁၅၀) တန်၊ တန်ဖိုး(၁၄.၃၀၆) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၃၂၅) တန်၊ တန်ဖိုး(၀.၀၄၈)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှုအနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၃၆) တန်၊ တန်ဖိုး(၀.၄၆၄) ဒေါ်လာသန်း၊ ရာဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း ၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၂၈၂)တန်၊ တန်ဖိုး (၀.၁၈၂)ဒေါ်လာသန်း၊ ဆန် တင်ပို့မှုအနေဖြင့် တန်ချိန် (၁၄၀) တန်၊ တန်ဖိုး (၀.၀၈၀)ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တန်ချိန် (၁၂၀)တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊ Artificial Grass ၊ ပန်းသီး ၊ လိမ္မော်သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၂၆၀.၆၄) တန်၊ တန်ဖိုး(၀.၂၆၉)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၅၅၆.၆၀)တန်၊ တန်ဖိုး(၀.၃၉၂)ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၆၅၉.၈၀) တန်၊ တန်ဖိုး (၀.၄၂၀) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

Source: https://commerce.gov.mm

Category: Local News