Local News

သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ဆီးသီးအစို/အခြောက်ဈေးနှုန်း/ဈေးကွက်

Last Updated:

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော စက်တောင်၊ ရွာလေး၊ ဝက်သားစား၊ သဲဖြူ၊ သဲတော၊ ထုံးတောင်၊ လုံးတော်၊ ကံလှ၊ ရင်ကြီး၊ ဆတ်လှ စသည့်ကျေးရွာများမှထွက်ရှိသည့် ဇီးသီးအစို/အခြောက်များသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၀၀၀၀)ဖြစ်ပြီး (ပထမပတ်)တွင် ကျပ်(၉၀၀၀)ဈေးနှုန်းရှိခဲ့၍ ယခင်အပတ်ထက် ကျပ်(၁၀၀၀) ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ (၉၀မှ၁၀၀)ခန့်အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှသိရှိရပါသည်။

ယခုနှစ်ဆီးသီးများကို အရင်းမစိုက် လှေထိုးလိုက်ဘိသကဲ့သို့ အရင်းအနှီးမလိုဘဲ ကိုယ့်ခွန်အားဖြင့် ကောက်ယူရောင်းချရာ ယခင်နှစ်တွင် ဆီးသီးတစ်တင်းလျှင် ကျပ်(၅၅၀၀)ဈေးနှုန်းရရှိခဲ့ပြီး ယခုနှစ် ဆီးသီးစပေါ်ချိန်မှစ၍ ဆီးသီးတစ်တင်းလျှင် ကျပ်(၆၀၀၀မှ၁၀၀၀၀)ထိဈေးနှုန်းအမြင့်ဖြင့်ရောင်းချရ၍ မိသားစုဝင်ငွေများအသင့်အတင့်တိုးလျက်ရှိကြောင်း ရွာလေးကျေးရွာနေ ဆီးသီးကောက်ရောင်းချသူ ဦးခင်ဝင်းထံမှသိရပါသည်။

Source: https://www.doca.gov.mm

Category: Local News