Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့မှ ( ၁၄ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၀၁၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၁၉၃) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၂၀၆)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့မှ ( ၁၄ ) ရက်နေ့ အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၄၆.၆၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၁၂) သန်း၊ ဂျင်းခရု (အရှင်) (၁၀.၉၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၂.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၂)သန်း၊ အေးခဲကင်းမွန် (၁.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၃)သန်း၊ ဂဏန်း (အသေ) (၈.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၁)သန်း၊ ရေခူဆားနယ်  (၂.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၄၁)သန်း၊ ရေချိုပုစွန်  (၀.၃)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၂၀၆)သန်း၊ ပုစွန်ငါးပိ(၅.၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၇)သန်း၊ ငှက်ပျောသီး (၅၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၄)သန်း၊ ငရုတ်သီးစိမ်း (၈၀.၆၄၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅၆)သန်း၊ ကြက်သွန်နီ (၁၁၇.၄၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁၆)သန်း၊ ဓနိဖက် (၆)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၀၈)သန်း၊ တံမြက်စည်း(၄၂၃၀၀)U၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၉)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၆၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၆)သန်း၊ ငါးသေတ္တာဘူးခွံ (၅)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၀၃၀.၇၅) ဒေါ်လာနှုန်း၊ (၁၄၆.၆၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၁၂) သန်း၊ ဂျင်းခရု (အရှင်) (၁၆၄၃.၈၄) ဒေါ်လာနှုန်း၊ (၁၀.၉၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၈) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၉၀၄.၇၆) ဒေါ်လာနှုန်း၊ (၂.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၂) သန်း၊ အေးခဲကင်းမွန် (၁၉၁၆.၆၇) ဒေါ်လာနှုန်း၊ (၁.၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၃) သန်း၊ ဂဏန်း (အသေ) (၁၂၀၂.၃၈) ဒေါ်လာနှုန်း၊ (၈.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၀၁) သန်း၊ ရေခူဆားနယ် (၁၉၅၂.၃၈) ဒေါ်လာနှုန်း၊ (၂.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၄၁) သန်း၊ ရေချိုပုစွန် (၉၀၀၀) ဒေါ်လာနှုန်း၊ (၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၅၇၅၀) ဒေါ်လာနှုန်း၊ (၀.၈)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၀၆) သန်း၊ ပုစွန်ငါးပိ (၁၇၆၃.၆၄) ဒေါ်လာနှုန်း၊ (၅.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉၇) သန်း၊ ငှက်ပျောသီး (၃၁၆.၃၆) ဒေါ်လာနှုန်း၊ (၅၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၄)သန်း၊ ငရုတ်သီးစိမ်း (၈၁၃.၄၆) ဒေါ်လာနှုန်း၊ (၈၀.၆၄၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၅၆) သန်း၊ ကြက်သွန်နီ (၆၉၄.၅၉) ဒေါ်လာနှုန်း၊ (၁၁၇.၄၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈၁၆) သန်း၊ ဓနိဖက် (၁၃၆.၅) ဒေါ်လာနှုန်း၊ (၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈) သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၂၀၈) ဒေါ်လာနှုန်း၊ (၄၂၃၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၂၅၅.၇၄)ဒေါ်လာနှုန်း၊ (၆၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၆) သန်း၊ ငါးသေတ္တာဘူးခွံ (၃၄၀)ဒေါ်လာနှုန်း (၅)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁၇)သန်း၊ ကြွေပြား(၁)M2 လျှင် (၂.၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂)သန်းဖြစ်ပါသည်။ မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၄-၀၁-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၁၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၅၂) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News