Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၁) ရက်နေ့မှ (၇) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ

Last Updated:

     ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၂၂၆)ဒေါ်လာသန်းနှင့် သွင်းကုန် (၁၆.၃၉၆)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၄.၆၂၂) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေအနေဖြင့် ပို့ကုန် (၆၄၁)စီး၊ သွင်းကုန်(၁၂၇၂)စီး ဆောင်ရွက်နိုင်ခဲ့သည်။ယခင်အပတ် ၂၀၂၃ ဇွန်လ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၇၈၅)ဒေါ်လာသန်းနှင့် သွင်းကုန်(၂၂.၆၄၄)ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၃၃.၄၂၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့်ယခင်တစ်ပတ် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၂.၅၅၉)ဒေါ်လာသန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး(၆.၂၄၈)ဒေါ်လာသန်း လျော့နည်းခဲ့သဖြင့် ကုန်သွယ်မှု မမာဏအနေဖြင့် (၈.၈၀၇) ဒေါ်လာသန်း ​လျော့နည်းခဲ့သည်။

      တင်ပို့သည့် ပို့ကုန်အမည်များအနက် ဆန်ကွဲ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ ပဲနီကြား၊ နှမ်းနက်၊ လက်ဖက်ခြောက်၊ ရေ်ဘာ၊ ပြောင်းချဉ်ဖက်နှင့် ကြက်သွန်နီတို့တင်ပို့မှု လျော့နည်းခဲ့သောကြောင့် ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက (၂.၅၅)ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။ တင်သွင်းသည့် သွင်းကုန်အမည်များအနက် ရင်းနှီးမြှပ်နှံမှုပစ္စည်းများအုပ်စုမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ အခြားပစ္စည်းများ တင်သွင်းမှုပိုမိုခဲ့သော်လည်း မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အပိုပစ္စည်းများတယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ လေအေးစက်များ၊ စက်နှင့်စက်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းမှု ယခင်တစ်ပတ်အောက် (၂.၈၇၁) ဒေါ်လာသန်း လျော့နည်းတင်သွင်းခဲ့သည်။

     လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာတင်သွင်းမှု ပိုမိုခဲ့သော်လည်း ဓါတုဗေဒပစ္စည်းများ၊ ဓါတ်ဆေးဆိုးဆေးများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သားရေ၊ သားရေတုပြုပြင်ပြုလုပ်သော ပစ္စည်းများ၊ ချည်ခင်များ၊ တာယာနှင့်ကျွတ်များ တင်သွင်းမှု ယခင်တစ်ပတ်အောက် (၂.၀၇၆)ဒေါ်လာသန်းတန်ဖိုး လျော့နည်းတင်သွင်းခဲ့သည်။ လူသုံးကုန်ပစ္စည်းအုပ်စုတွင် ယခင်တစ်ပတ်ထက် အချိုမှုန့်တင်သွင်းမှုပိုမိုခဲ့သော်လည်း ဘတ္ထရီ ခြောက်များ၊ ချည်ထည်များ၊ အပ်ချည်ကြိုးများ၊ ဆေးဝါးပစ္စည်း၊ ပရိဘောဂများ၊ ဇာ၊ ဇာနှင့်ထိုးထားသော အထည်အလိပ်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ ယခင်တစ်ပတ်အောက် (၁.၃၀၁)ဒေါ်လာသန်း တန်ဖိုး လျော့နည်းတင်သွင်းခဲ့သည်။

      ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ပဲတီစိမ်း(၄၅၄၇)တန်၊  (၃.၁၀၆)ဒေါ်လာသန်း၊ ပဲယင်း(၂၃၉၁)တန်၊ (၁.၉၆၃)ဒေါ်လာသန်း၊ မြေထောက်ပဲ(၅၀၇.၅၀)တန်၊ (၀.၇၄၆) ဒေါ်လာသန်း၊ ရော်ဘာ (၅၆၃.၂၅)တန်၊ (၀.၀၇၈) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၁၆၂.၅၀)တန်၊ ( ၀.၄၆၃) ဒေါ်လာသန်း၊ ထောပတ်ပဲ  (၂၇၂.၂၅)တန်၊ (၀.၂၈၉)ဒေါ်လာသန်း၊ စွန်တာနီပဲ(၄၄၂.၅၀)တန်၊ (၀.၂၆၇) ဒေါ်လာသန်း၊ ​ရော်ဘာကြမ်း (၂၂၈.၀၀)တန်၊ (၀.၁၉၃)ဒေါ်လာသန်း၊ ပဲလွန်ဖြူ(၃၆၈.၅၀)တန်၊ (၀.၁၀၆)ဒေါ်လာသန်း၊ ပဲကြီး(၁၀၂.၀၀)တန်၊ (၀.၁၀၃)ဒေါ်လာသန်းဖြစ်သည်။

     ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်ပစ္စည်း(၁၀)မျိုးမှာ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း (၅.၆၈၀)ဒေါ်လာသန်း၊ ချည်ထည် (၃.၁၀၄)ဒေါ်လာသန်း၊ ဓာတ်မြေသြဇာ (၂.၃၄၇) ဒေါ်လာသန်း၊ အခြားပစ္စည်း (၀.၈၉၃)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ် (၀.၇၄၉)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၅၉၃)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ(၀.၃၄၉) ဒေါ်လာသန်း၊ လေအေးစက်များ (၀.၂၉၇)ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၁၉၃)ဒေါ်လာသန်း၊ အချိုမှုန့်များ(၀.၁၃၈)ဒေါ်လာသန်းဖြစ်သည်။

     ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ အတတ်ကုန်ကားခ ပို့ကုန်တစ်ပိဿာလျှင် (၇၉)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ၏(၁)တန်ဈေးနှုန်းမှာ  ဆန်(၃၂၀၀)ယွမ်းနှုန်း၊ ဆန်ကွဲ(၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀)ယွမ်နှုန်း၊ မြေထောက်ပဲ(၈၀၀၀)ယွမ် နှုန်း၊ ပဲလွန်းဖြူ(၄၇၀၀)ယွမ်နှုန်း၊ ပြောင်း(၂၃၀၀)ယွမ်နှုန်း၊ နှမ်း(၁၂၀၀၀)ယွမ်းနှုန်း၊ ရာဘာ(၈၀၀၀) ယွမ်နှုန်း၊ ငရုတ်(အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀) နှုန်းရှိကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သန္ဒီ၊ ကွမ်းစလုံ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm

Category: Local News