Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

     လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်၂၀၂၃ ဇူလိုင်လ ၅ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၄၆၀.၂၅)တန်၊ တန်ဖိုး (၀.၂၂၆) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၀၀.၀၀)တန်၊ တန်ဖိုး(၀.၀၄၀)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၄၈.၀၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်းတို့အများဆုံးတင်ပို့နိုင်ခဲ့သည်။ ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၄၆၉)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၀၈)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၃၄)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

     ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့် ရိတ်သိမ်းချွေလှေ့စက် (၁၀)U၊ တန်ဖိုး(၀.၀၇၀) ဒေါ်လာသန်း၊ ပီနံအိတ် (၇၇.၀၀)တန်၊ တန်ဖိုး (၀.၀၆၁) ဒေါလာသန်း၊ ဓါတ်မြေဩဇာ (၃၂၀.၀၀)တန်၊ တန်ဖိုး (၀.၁၁၉)ဒေါ်လာသန်း၊ သွပ်ပြား (၇၈.၀၀) တန်၊ တန်ဖိုး(၀.၀၃၄)ဒေါ်လာသန်း၊ ထွန်စက် (၁၇)U၊ တန်ဖိုး(၀.၀၇၇)ဒေါ်လာသန်း၊ ကုန်စုံ(၂၄၆.၀၅)တန်၊ (၁၇၅၀)U၊ တန်ဖိုး(၀.၂၇၁)ဒေါ်လာသန်း၊ ဆေးနှင့်ဆေးပစ္စည်း (၅၀၁၀၃၀)U၊ တန်ဖိုး (၀.၀၅၉)ဒေါ်လာသန်း၊ ကော်စေ့(၉၆.၅၀)တန်၊ တန်ဖိုး(၀.၁၀၂) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်း(၀.၂၀)တန်၊(၂၀၀၀၀)U၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၄.၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ သံကြိုးခွေ(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းတို့ အများဆုံးတင်သွင်းနိုင်ခဲ့သည်။

     သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန်လျှင် (၂၅၀)ဒေါ်လာ၊ ဓါတ်မြေဩဇာ (Compound Fertilizer)တစ်တန်လျှင် (၃၉၈)ဒေါ်လာ၊ လေးဘီးထွန်စက် တစ်စီးလျှင် (၈၀၀၀)ဒေါ်လာ၊ နှစ်ဘီးထွန်စက်တစ်စီးလျှင် (၆၀၀)ဒေါ်လာ၊ ပီနံအိတ်တစ်တန်လျှင် (၇၉၇) ဒေါ်လာ၊ ကော်စေ့တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး Iron Sheet တစ်တန်လျှင် (၇၀၅)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ကုန်ပွ(၅၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

    ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက်(ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်း ကြောင်း၊   ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်  ဂျယ်-စိန်လုံ-မိုးမောက် (ကျောက်စခန်း)- ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News