Local News

မုံရွာမြို့နယ်တွင် ကွမ်းဈေးနှုန်းများ ဆက်လက်ကျဆင်း

Last Updated:

     စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကိုဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

     မုံရွာမြို့နယ်ရှိ ကွမ်းဈေးကွက်အနေဖြင့် ဩဂုတ်လ (ဒုတိယပတ်)တွင် ကွမ်း တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၅၀၀ ဈေးနှုန်းရရှိပြီး ယခုအပတ်တွင် အရည်အသွေးအပေါ်မူတည်ပြီး  တစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀-၂၀၀၀ ဈေးနှုန်းဖြင့်သာ ရောင်းချရကြောင်း၊ မိုးဦးရာသီတွင် ကွမ်းအထွက်နှုန်းပိုမိုလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများနေခြင်းတို့ကြောင့် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News