Local News

ရွှေဘိုခရိုင်အတွင်းမြေပဲလုံးဆံဈေးနှုန်း အနည်းငယ်ကျဆင်း

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်သို့ မြေပဲလုံးဆံ (နီ၊ဖြူ) များ စက်တင်ဘာလ (တတိယပတ်) မှ စတင်၍ ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလ (ဒုတိယပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ မြေပဲလုံးဆံ (နီ) တစ်တင်းလျှင် (၁၀၀,၈၀ဝိ/-) ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၄၅၀၀)တင်း/ တန်အားဖြင့် (၁၀၃)တန်၊ မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၉၆,၈၀ဝိ/) ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အနေဖြင့် (၂၇၀၀)တင်း/ တန်အားဖြင့် (၆၂) တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊  အောက်တိုဘာလ(ပထမပတ်) နှင့် (ဒုတိယပတ်) အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှိုင်းယှဉ်ပါက အောက်တိုဘာလ (ပထမပတ်) ၌ မြေပဲလုံးဆံ(နီ) တစ်တင်းလျှင် (၁၀၈,၈၀ဝိ/-)ကျပ်နှင့် မြေပဲလုံးဆံ (ဖြူ)တစ်တင်းလျှင် (၁၀၀,၈၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် အောက်တိုဘာလ (ဒုတိယပတ်) တွင် မြေပဲလုံးဆံ (နီ) တစ်တင်းလျှင် (၈၀၀ဝိ/-) ကျပ်နှင့် မြေပဲလုံးဆံ (ဖြူ) တစ်တင်းလျှင် (၄၀၀ဝိ/-) ကျပ် ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

Source: https://commerce.gov.mm

Category: Local News