Local News

ပြည်တွင်းဝယ်လိုအားကောင်းခြင်းကြောင့် ကြံကြိတ်ခွဲ ရာသီတွင် သကြားစက်များကြံဈေးမြှင့် ဝယ်ယူနေဟုဆို

Last Updated:

ပြည်တွင်းသကြားဈေးမြင့်တက်နေခြင်းကြောင့် ယခုနှစ် ကြံကြိတ်ခွဲ ရာသီအစတွင် သကြားစက်များက ယခင်နှစ်များထက် ကြံဈေးနှုန်းများ တိုးမြှင့်ပေးပြီး ဝယ်နေကြောင်း ကြံစိုက်တောင် သူများကပြောသည်။ သကြားဈေးကွက် ကောင်းမွန်နေသည့်အတွက် ပြည်တွင်းသကြားစက်ရုံအသီးသီးမှ ကြံဈေးနှုန်းများကို တိုးမြှင့်ပေးနေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ကြံကြိတ်စ ရာသီတွင် ကြံတစ်တန်လျှင် ၉၀၀၀၀သာ ပေးဝယ်ကြပြီး ယခုနှစ်ကြံကြိတ်ခွဲ စရာသီ တွင် တစ်သိန်းခွဲ ထိ ပေးဝယ်လာကြောင်း သိရသည်။ 

စက်တင်ဘာလက ၂၀၂၃-၂၀၁၄ ကြံကြိတ်ရာသီတွင် သကြားစက်ရုံတချို့မှ ကြံတစ်တန်ကို တစ်သိန်း နှစ်သောင်းအထိ သာ အများဆုံးပေး ဝယ်ယူမည်ဟု ကြော်ငြားခဲ့သော်လည်း သကြားဈေးကောင်းနေ၍  တချို့သကြား စက်ရုံများမှ ကြံဈေးအားတစ်သိန်းခွဲထိ  တိုးပေးမည်ဟု ကြောငြာ အသိပေးလျက်ရှိသည်။ 

“ပြီးခဲ့တဲ့ နှစ်က ကြံကြိတ်ရာသီ အစက တစ်သိန်း ကို ၉သောင်းပဲ ပေးခဲ့တာပြီးမှ သကြားဈေးကောင်းလာလို့ စက်ရုံတွေက ထပ်ပြီးပို ပေးဝယ်ကြတာ။ အခုက အစမှာတင် တစ်သိန်း ကျော်စပေးတဲ့ သကြားစက်ရုံတွေရှိ သလို၊ တစ်သိန်းခွဲ ပေးမယ်လို့ ကြော်ငြာထားတဲ့ စက်ရုံတွေလည်းရှိတော့ ကြံစိုက်တောင်သူတွေအတွက် အားတက်တာပေါ့၊ အဓိက သကြားဈေးကောင်းလာလို့ ပိုပေးလာကြတာ”ဟု ရှမ်းတောင် ရွှေညောင်မှ ကြံစိုက်တောင်သူတစ်ဦးကပြောသည်။ 

ပြည်တွင်းသကြားစက်ရုံများအနက် ရွှေညောင်မှ မြဘုရင် သကြားစက်ရုံမှ တစ်သိန်းခွဲပေးဝယ်မည်ဖြစ်ပြီး နဝဒေ သကြားစက်ရုံ အနေဖြင့် အဖူးအမြစ်ကင်းစင်ကာ သန့်ရှင်းလတ်ဆက်သည့် ကြံတစ်တန်ကို တစ်သိန်း နှစ်သောင်းခွဲဖြင့်လည်ကောင်း၊ ငွေရည်ပုလဲ သကြားစက်ရုံနှင့် မိုင်းရယ် သကြားစက်ရုံ အနေဖြင့်စက်ရုံရောက်ဈေး တစ်သိန်းနှစ်သောင်းဖြင့်လည်ကောင်း ဝယ်ယူ ပေးမည်ဟု ကြိုတင်ကြော်ငြာထားကြောင်းလည်း သိရသည်။ 

"သကြားဈေးက ၂၀၂၃ ခုနှစ် နှစ်စပိုင်းကတည်းကကောင်းလာတာ။ နိုင်ငံတကားဈေးမှာလည်း မြင့်နေတော့ သကြားဈေးကောင်းနေတာ။ အရင်လို ထိုင်းသကြားတွေလည်း သိပ်မဝင်တော့ သကြားဈေးကအမြင့်ဈေးမှာ ရှိနေတာပေါ့ သကြားဈေးတက်တော့ ကြံဈေးပါ မြင့်လာတဲ့ သဘောပါ” ဟု ပဲခူးတိုင်းဒေသကြီးမှ ကြံစိုက် တောင်သူ ကိုကျော်သူက ပြောသည်။ ဈေးကွက်တွင် လက်ကျန် နည်းလာပြီးဖြစ်သည့်အတွက် သကြားဈေးအမြင့်ဈေးတွင်ရှိနေ ခြင်းဖြစ်ပြီး ရန်ကုန်တွင် သကြားတပိဿလျှင် ယခင် ၃၃၀၀ကျပ် ဝန်းကျင် မှ  ၃၆၀၀ကျပ် ဝန်းကျင်အထိ ဈေးဖွင့်ရောင်းချနေကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျမ်းမျှ သကြားတန်ချိန် လေးသိန်းခန့် စိုက်ပျိုးထုတ်လုပ်ပြီး  ပြည်တွင်းစားသုံးရန်အတွက်ချန်ကာ ပိုလျှံသကြားများကို ပြည်ပသို့ တင်ပို့ရောင်းချကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှသိရသည်။ ပြီးခဲ့သည့် နှစ်ကတချို့ ပြည်တွင်းသကြားစက်ရုံများမှ သကြားဈေးကောင်းခဲ့သည်အတွင် စက်ရုံသို့ ရောင်း ချခဲ့သည့် တောင်သူများအား အမြတ်ငွေ ထပ်မံခွဲဝေပေးခြင်းများလည်းရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကြံကြိတ်ခွဲရာသီသည် နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများမှ စတင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

Source: AIMA

Source: Awba

Category: Local News