Local News

ကော့မှူးမြို့နယ်၌ မိုးစပါးများ ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီး

Last Updated:

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ရည်ရွယ်၍ မိုးစပါးသီးနှံစိုက်ဧက ၈၈၀၉၉ အား စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ကော့မှူးမြို့နယ်၌ အဓိက စိုက်ပျိုးသည့် သီးနှံများမှာ ရက် ၉၀ စပါး ၈၆၅၈ ဧက၊ ဇီယာ ၉၉၉ ဧက၊ ဧည့်မထ အထွက်ကောင်း ၁၉၅ ဧက၊ ငစိန် ၃၃၈၄၀ ဧက၊ ဖြီးဒုံး ၂၁၆၅၅ ဧက၊ ငကျွဲ (တောင်ပျံ) ၁၉၈၀၂ ဧက၊ ကောက်ညှင်း ၈၂၄ ဧက စသည့်စပါးမျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါးသီးနှံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်မှ စတင်၍ ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လှိုင်လှိုင်ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ မိုးစပါးသီးနှံစိုက်ဧက စုစုပေါင်း ၈၈၀၉၉ ဧကအား ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးဖြစ်ကြောင်း၊ စပါးအထွက်နှုန်း အနေဖြင့်တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း ၆၆.၆၁ တင်းခန့်ထွက်ရှိကြောင်းကော့မှူးမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

Source: DOC (ရန်ကုန်)

Source: https://commerce.gov.mm

Category: Local News