Local News

ကရင်ပြည်နယ်ဒေသထွက် မြေပဲအစိုများ မြဝတီဘက်သို့တင်ပို့ တောင်သူများ အကျိုးအမြတ်ရရှိ

Last Updated:

ကရင်ပြည်နယ်တွင်၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးသည့်မြေပဲများစတင်ထွက်ရှိကာ ဘားအံမြို့နယ်အတွင်းရှိ မြေပဲရောင်းဝယ်ရေး လုပ်ငန်းရှင်ပွဲရုံများသို့ နေ့စဉ်လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး မြေပဲအစို တစ်တင်းလျှင် ပျမ်းမျှ ၃၀၀၀၀ ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းချလျက်ရှိကြောင်း ယခုနှစ် ဆောင်းမြေပဲမှာ တစ်ဧက ပျမ်းမျှ အထွက် ၃၅ တင်း ထွက်ရှိပြီး တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ၆၀၀၀၀၀ ကျပ်ခန့်ရှိသဖြင့် တစ်ဧက အကျိုးအမြတ်မှာ ၄၀၀၀၀၀ ကျပ်ခန့်ရရှိသောကြောင့် ယခုနှစ်တွင် တောင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် အဆိုပါမြေပဲများအား ဘားအံမှတဆင့် မြဝတီ၊ ထိုင်းသို့လည်းကောင်း၊ ဘားအံမှ မော်လမြိုင်သို့လည်းကောင်း တင်ပို့လျက်ရှိကြောင်း ကုန်သည်များထံမှ စုံစမ်းသိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News