Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     ၂၀၂၃ ခုနှစ် ဩဂုတ်လ ၀၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် မြန်မာ-ထိုင်းကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းအချို့ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွားလာမှုများ  ရပ်တန့်သွားခဲ့ပြီး  လမ်းပိုင်းအမြန်ဆုံးပြင်ဆင်နိုင်ရေး  သက်ဆိုင်ရာတာဝန်ရှိသူများမှ  ဆောင်ရွက်လျက်ရှိသည်။  အရေးကြီးသည့်  ပုတ်သိုးလွယ်ပစ္စည်းများဖြစ်သည့်  ပို့ကုန်ပစ္စည်း၊ ငရုတ်သီးစိမ်း၊ ရေထွက်ပစ္စည်း၊ ကွမ်းသီးတို့ကို မြဝတီ-ကော့ကရိတ်လမ်းဟောင်းဒေါနတောင်မှ တစ်ဆင့်ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်း သယ်ဆောင်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ သွင်းကုန်ပစ္စည်းတင်ယာဉ်များမှာ အခွန်ပေးဆောင်ပြီးဖြစ်သော်လည်း သွားလာနိုင်ခြင်းမရှိသေးဘဲစောင့်ဆိုင်းနေလျက်ရှိသည်။

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ (၈-၈-၂၀၂၃) ရက်နေ့မှ (၁၁-၈-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ငရုတ်နှင့် ကံကော်ဝတ်ဆံခြောက်များတင်ပို့ခဲ့သည်။ (၈-၈-၂၀၂၃) ရက်နေ့မှ (၁၁-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ပြောင်း၊ ငရုတ်၊ ကြက်သွန်နှင့် အခြားပစ္စည်းတို့ဖြစ်သည်။

   ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြှင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ သွင်းကုန်ပစ္စည်းများအနေဖြင့် တိရစ္ဆာန်အစာ၊စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊  ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ Packing Materials၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊  ငါးဖမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။ 

  (၈-၈-၂၀၂၃ မှ၁၁-၈-၂၀၂၃) ရက်နေ့ထိအများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ Garment ၊ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ယန္တရားစက်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့်လူသုံးကုန်ပစ္စည်းတို့ဖြစ်သည်။ ငွေစျေးနှုန်းအနေဖြင့်ယခင်အပတ်ကတစ်ဘတ်လျှင် (၉၆.၁၅) ရှိပြီး ယခုအပတ်တွင် (၉၉.၀၁) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ်တက်သည်။

    (၅-၈-၂၀၂၃ မှ၁၁-၈-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ပြောင်း(၁)တန်လျှင် ပျမ်းမျှ(၂၈၃.၁၄၁)ဒေါ်လာဖြင့် (၁၁၆၈၃.၂၄)တန် (၃.၃၀၈)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၀.၃၆၄) တန် (၄၇၆၂၈) (U)ဖြင့် (၀.၅၇၁) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၅၅၂.၉၆၆) ဒေါ်လာဖြင့် (၄၇၂)တန် (၀.၂၆၁)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၁၀၂၀.၈၃၃)ဒေါ်လာဖြင့် (၉၆)တန် (၀.၀၉၈)ဒေါ်လာသန်း၊ ငရုတ်သီး (အစို) (၁) တန်လျှင် (၆၃၄.၇၅၃) ဒေါ်လာဖြင့် (၁၈၉.၀၅၀) တန် (၀.၁၂၀) ဒေါ်လာသန်း၊ ငရုတ်သီး (ခြောက်) (၁) တန်လျှင် (၁၆၉၈.၁၁၃) ဒေါ်လာဖြင့် (၂၁.၂၀၀) တန် (၀.၀၃၆) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ်(၁)တန်လျှင် (၂၀၇.၄၀၇)ဒေါ်လာဖြင့် (၁၃၅)တန် (၀.၀၂၈) ဒေါ်လာ သန်း၊ ငါးမျိုးစုံ (၁)တန်လျှင် (၉၃၈.၈၆၁) ဒေါ်လာဖြင့် (၆၁.၇၇၇) တန် (၀.၀၅၈) ဒေါ်လာသန်း၊ ပဲတီစိမ်း (၁)တန်လျှင် (၆၈၀) ‌ဒေါ်လာဖြင့် (၅၀)တန်(၀.၀၃၄) ဒေါ်လာသန်း၊ မြေပဲဆံ(၁)တန်လျှင် (၁၆၇၅.၂၉၇)‌ ဒေါ်လာဖြင့် (၁၉.၆၉၈)တန် (၀.၀၃၃)ဒေါ်လာသန်းတို့ဖြစ်သည်။

     (၅-၈-၂၀၂၃ မှ ၁၁-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀) မျိုးမှာ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၂၂၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၅၅၆) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၅၀၀) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၄၇၅) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၃၉၂) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၉၀) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၃၂၄)ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၃၁၇) ဒေါ်လာသန်း၊ ‌လေအေးစက်များ (၀.၂၇၃) ဒေါ်လာသန်းနှင့် အခြားစက္ကူများ (၀.၄၉၀) ဒေါ်လာသန်းတို့ဖြစ်ပါသည်။ သွင်းကုန်ကားခ (ကုန်စုံပစ္စည်း) အနေဖြင့် ယာဉ်အမျိုးအစားအလိုက်(၁၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၂၀၀)ကျပ်၊ ကုန်ပွ(၁)ပိဿာစျေးနှုန်းမှာ (၂၁၀)ကျပ်၊ (၂၂)ဘီးယာဉ်၏ ကုန်ကျစ်(၁)ပိဿာစျေးနှုန်းမှာ (၁၆၀)ကျပ်၊ ကုန်ပွ(၁) ပိဿာစျေးနှုန်းမှာ (၁၇၀)ကျပ်ရှိသည်။

     မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊  ဩဂုတ်လ (၁)ရက်နေ့မှ (၁၁) ရက်ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၉.၅၉၅) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၃၉၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၃၁.၉၉၄) ကန်ဒေါ်လာသန်း  ဆောင်ရွက်နိုင်ခဲ့သည်။

Source: https://commerce.gov.mm

Category: Local News