Local News

မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့်မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေးစခန်းတို့မှ ပြောင်းလဲခွင့်ပြု၊ CMP လုပ်ငန်းများပါ အကျုံးဝင်ကြောင်း အသိပေးကြေညာ

Last Updated:
၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းရှိ မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် ပြင်ဆင်ဆောင်ရွက် လျက်ရှိနေစဉ်အတွင်း ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် မြဝတီ နယ်စပ်မှ တင်ပို့တင်သွင်းရန် (ဩဂုတ်လ ၉ ရက်နေ့အထိ) လိုင်စင်ရရှိထားသည့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များသည် လိုင်စင်ရကုန်ပစ္စည်းများအား မြန်မာ-ထိုင်း နယ်စပ်ရှိ မည်သည့် ကုန်သွယ်ရေး စခန်းမှမဆို ပြောင်းလဲတင်ပို့၊ တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး၊ ပင်လယ်ရေကြောင်း မှ ပြောင်းလဲ တင်ပို့၊ တင်သွင်းလိုပါကလည်း ကိစ္စရပ်တစ်ခုချင်းအလိုက် စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဩဂုတ်လ ၉ ရက် တွင် အသိပေးကြေညာခဲ့ပါသည်။
ထိုကြေညာချက်အရ ပြောင်းလဲဆောင်ရွက်ခွင့်ပြုခြင်းအတွက် လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိစေရန် သက်ဆိုင်ရာဌာနအနေဖြင့် လုပ်ငန်းစဉ်များ (SOPs) ရေးဆွဲပြီးဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
မြဝတီနယ်စပ်မှ တင်ပို့၊ တင်သွင်းရန် လိုင်စင်ခွင့်ပြုထုတ်ပေးပြီးသော ကုန်ပစ္စည်းများအား ပင်လယ်ရေကြောင်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ အခြားကုန်သွယ်ရေး စခန်းတို့မှ ပြောင်းလဲ ခွင့်ပြုသွားမည့်ကိစ္စရပ်တွင် CMP လုပ်ငန်းများအားလုံး အကျုံးဝင်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
source: https://www.umfcci.com.mm
Category: Local News