Local News

မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁-၉-၂၀၂၃မှ ၁၂-၉-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

Last Updated:

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃မှ၁၂-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၈၁၉) ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၈၁၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၅၃.၁၈%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကိုအဓိကတင်ပို့လျက်ရှိပါတယ်။ စက်တင်ဘာလ (၁-၉-၂၀၂၃ မှ၁၂-၉-၂၀၂၃ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း(အစို) (၁၁၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ကွမ်းသီး(၃၈၉)တန်၊တန်ဖိုး(၀.၁၇၀)ဒေါ်လာသန်း၊ ဒညင်းသီး (၂၁) တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁၉)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ထန်းလျက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ နနွင်းတက် (၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၃၈၇.၈၁၇)တန်၊ တန်ဖိုး (၀.၄၉၂)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၁) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၂၈.၅)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၆၇.၅၀၈)တန်၊ တန်ဖိုး(၀.၀၉၀)ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းများမှာ ဆီးယိုထုပ်(၈)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၂.၅)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဆန်ကြာဆံ (၀.၅)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် စက်တင်ဘာလ (၁-၉-၂၀၂၃ မှ ၁၂-၉-၂၀၂၃)ထိတင်သွင်းနိုင် ခြင်းမရှိခဲ့ပါ။

မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀) ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ အုန်းသီးခြောက် (၁)တန်လျှင် (၃၁၇၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂) ဒေါ်လာဈေးနှုန်းရှိပါတယ်။       

မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့်စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက်လျက်ရှိပြီး ကညင်ချောင်းစီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့တင်ပို့လျက်ရှိပါသည်။

စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။          

မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၉၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၁)လုံး (၃၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀)ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန်ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၂၉၀.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၁၀-၀၉-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၉၈၀) ကျပ်၊ (၁၁၈) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၈.၅၀) ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။   

Source: https://commerce.gov.mm

Category: Local News