Local News

ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၂-၉-၂၀၂၃) မှ (၈-၉-၂၀၂၃) အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)နှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၄၆၁၅ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ ၉ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ဇီးဖတ်တန်ချိန် ၆၁ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးဖတ်တန်ချိန် ၁၇၉ တန် တင်ပို့ခဲ့ပြီး ယခင် အပတ်ထက် ယခုအပတ်တွင် ဇီးဖတ်တန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ဇီးဖတ်တင်ပို့နိုင်မှုငွေပမာဏမှာ ၇၀၁၅ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

Source: ရခိုင်ပြည်နယ်ဦးစီးမှူး

Category: Local News