Local News

ဘိုကလေးမြို့နယ်မှ ဒေသထွက်ကဏန်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ဒေသထွက်ကဏန်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာသဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးအေးက ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်မှ ဒေသထွက်ကဏန်းများကို ရန်ကုန်ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်မှ ဒေသထွက်ကဏန်းများကို ဒီဇင်ဘာလ ပထမပတ်မှစ၍ ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းသဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ လက်ရှိ ငါးရက်လျှင် တစ်ကြိမ်သန့်စင်ပြီး ကဏန်းပိဿာချိန် ၅၀၀ မှ ၁၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်ကနေ ကဏန်းအပါအဝင် ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ကနေတစ်ဆင့် အခြားဒေသတွေကို ပြန်လည်တင်ပို့ပါတယ်။ လက်ရှိကဏန်းက ပြည်တွင်းဈေးကွက်မှာ အဝယ်လိုက်နေလို့ အရောင်းအဝယ်ဖြစ်လာပါတယ်။ အခုလိုအရောင်းအဝယ်ဖြစ်လာတော့ မွေးမြူရေးလုပ်ငန်းရှင်တွေ၊ မွေးမြူရေးလုပ်သားတွေ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပိုင်ရှင်တွေ၊ ကုန်တင်ယာဉ်အငှားလိုက်သူတွေ၊ ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပိုင်ရှင် ဒေါ်အေးအေးက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ တင်ပို့ရောင်းချသည့် ကဏန်းများကို ရန်ကုန်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက်ကဏန်း ၁၀ ပိဿာလျှင် ငွေကျပ် ၁၆၅၀၀၀ ထိဈေးပေါက်နေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News