Local News

လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Last Updated:

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၅-၁-၂၀၂၄) မှ (၁၆-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၄၅၁) တန်၊ တန်ဖိုး (၀.၂၁၈) ဒေါ်လာသန်း၊ဆန်(၃၂.၅၀၀)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ကြက်သွန်နီ(၈၁.၅)တန်၊ တန်ဖိုး(၀.၀၈၃)ဒေါ်လာသန်း၊ ထောပတ်ပဲ(၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၇၅)ဒေါ်လာသန်း၊ ဖရုံသီး (၄၈.၅)တန်၊တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ ကြံ(၄၉၅.၀၀၀) တန်၊ တန်ဖိုး (၀.၁၀၅) ဒေါ်လာသန်း၊ မြေပဲ(၃၂.၅) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ သခွားမွှေး(၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ တစ်သျှူးငှက် ပျော(၁၄၀၈.၀၀၀) တန်၊ တန်ဖိုး (၂.၀၁၆) ဒေါ်လာသန်း၊ ကော်ဖီမစ်(၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၃၁.၆၀)တန်၊ တန်ဖိုး (၁.၁၂၉) ဒေါ်လာသန်း၊ ဖရဲသီး (၂၃၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် တစ်သျှူး (၁၈.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ကုန်စုံပစ္စည်း(၁၇၁၇၂၃.၇၈) တန်၊ (၈၅၄၉၉)U၊တန်ဖိုး (၀.၃၇၄) ဒေါ်လာသန်း၊ ချည် (၁၄.၇) တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ဆေးပစ္စည်း(၂၁၄၃၆၀) U ၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ သံပိုက်/သံချောင်း (၃၂၀၇၀.၀၀)တန်၊ တန်ဖိုး(၀.၀၉၆)ဒေါ်လာသန်း၊ ဂျပ်ဖာ (၂၇၅၂၇.၅၀) တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ အထည်(၂၅၀၀)တန်၊ (၆၃၀၇၀) U၊ (၁၂၄၂) PR၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက်  (ကျောက်စခန်း)  - စိန်လုံ - လွယ်ဂျယ်  လမ်းကြောင်းအတိုင်း  တင်ပို့လျက်ရှိပြီး  သွင်းကုန်ပစ္စည်းများအား  လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Source: https://commerce.gov.mm

Category: Local News