Local News

မြန်မာ့ကွမ်းသီးမှာ ပြည်တွင်းဈေးကွက်အတွင်း အဆက်မပြတ် လည်ပတ်နေပြီး ယခင်လက ဝယ်လိုအားပိုကောင်းခဲ့

Last Updated:

မြန်မာ့ကွမ်းသီးမှာ ပြည်တွင်းဈေးကွက်အတွင်း အဆက်မပြတ် လည်ပတ်နေပြီး ယခင်လက ဝယ်လိုအား ပိုကောင်းခဲ့ကြောင်း ကွမ်းသီးရောင်းဝယ်ရေး အသိုင်းအဝိုင်းကို မေးမြန်ထားသည့် အချက်အလက်များအရ သိရသည်။

“ကွမ်းသီးဈေးကွက်က ရောင်းအား၊ ဝယ်အားတွေ ရှိတယ်။ ပြီးခဲ့တဲ့လကဆို ရောင်းအားပိုကောင်းတယ်။ ဈေးကွက်အနေနဲ့ပြောရမယ်ဆို ရောင်းအား၊ ဝယ်အားတွေ အဆက်မပြတ် ဈေးကွက်အတွင်း လည်ပတ်နေတယ်။ အရင်လတွေကတော့ ပိုကောင်းတာပေါ့” ဟု ကွမ်းသီး‌ရောင်းဝယ်ရေးကုန်သည်တစ်ဦးက ပြောသည်။ ကွမ်းပင်ကို အိမ်တွင်စိုက်ပျိုးပါကလည်း တစ်နိုင်တစ်ပိုင် ဝင်ငွေရရှိပြီး ကွမ်းသီးများရောင်းချရာတွင် အိမ်အရောက်လာရောက်ဝယ်ယူပြီး အပင်ပေါ်ကိုယ်တိုင်တက်၊ ကိုယ်တိုင်ရေတွက်ကာ ဝယ်ယူလေ့ရှိကြောင်း သိရသည်။

ကွမ်းသီးဈေးနှုန်းများအနေဖြင့် အကြီး၊ အသေး ရောနှောဝယ်ယူပြီး ကွမ်းသီးတစ်လုံးလျှင် (၉-၁၀)ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူကာ မန္တလေးမြို့ဝယ်လက်များသို့ ရောင်းဈေးနှုန်း ၁၃ ကျပ်ဖြင့် ပြန်လည်တင်ပို့ရောင်းချရကြောင်း သိရသည်။ ကွမ်းသီးမှာ မြန်မာနိုင်ငံတွင် ကွမ်းစားရာထည့်သွင်းရသည့် အမယ်တစ်မျိုးဖြစ်ပြီး ပုံမှန်ဝယ်လက်များလည်းရှိကာ ကွမ်းသီးအမျိုးအစားများအနေဖြင့် ပြောင်ခြမ်း၊ ခွာဆံလုံးသေး၊ ကွမ်းသီးမှည့်ဟူ၍ အမျိုးအစားများရှိကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News