Local News

ထိုင်းနိုင်ငံသို့ Hass အမျိုးအစား ထောပတ်သီးတန်ချိန် ၁၀၀၀ ကျော်နှင့် အခြားထောပတ်သီးအမျိုးအစား တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့

Last Updated:

          မြန်မာနိုင်ငံမှ ထွက်ရှိသော Hass ထောပတ်သီးများကို ပြီးခဲ့သည့် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အခြားထောပတ်သီးအမျိုးအစားတန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများက စိတ်ဝင်စားမှုရှိသည့် အတွက် နိုင်ငံတကာဈေးကွက်သို့ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တင်ပို့ရောင်းချကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အိန္ဒိယ၊ တရုတ်နှင့် တခြားပြည်ပနိုင်ငံများသို့ ဈေးကွက်တိုးချဲ့လာနိုင်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

          ပြီးခဲ့သည့် ထောပတ်သီးရာသီ နိုဝင်ဘာလမှ ဖေဖေါ်ဝါရီလအထိ ကျိုင်းတုံ-တာချီလိတ် နယ်စပ်ကုန်သွယ်ရေးလ မ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ Hass ထောပတ် သီးတန်ချိန်  ၁၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး အခြားထောပတ် သီး အမျိုးအစားများကိုလည်း တန်ချိန် ၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီးများကို ပြီးခဲ့သည့်နှစ်က မလေးရှားနိုင်ငံသို့  စမ်းသပ်တင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံသို့လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အနည်းငယ် စတင်တင်ပို့နေပြီဖြစ်ရာ လာမည့်ထောပတ်သီးရာသီတွင် မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့သို့ မြန်မာနိုင်ငံမှ ထောပတ်သီးများ ဈေးကွက်တိုးချဲ့ တင်ပို့လာနိုင်ဖွယ်ရှိကြောင်းနှင့် တရုတ်နိုင်ငံသို့လည်း  G to G စနစ်ဖြင့် တင်ပို့နိုင်ရန် သက်ဆိုင်ရာဌာနများ အချင်းချင်းစတင်ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Source: Popular News Journal 

Category: Local News