International News

အင်ဒိုနီးရှားနိုင်ငံ ဇွန်လ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃.၄၆ ဘီလီယံ စံချိန်သစ်တင်

Last Updated:

     အင်ဒိုနီးရှားနိုင်ငံသည် ဇွန်လတွင် မမျှော်လင့်ထားသော  ကုန်သွယ်မှုပိုငွေပမာဏ ကန်ဒေါ်လာ ၃.၄၆ ဘီလီယံ စံချိန်သစ်တင်ခဲ့သည်။ ဇွန်လတွင် ပို့ကုန်ပမာဏ လျော့ကျခဲ့ပြီး သွင်းကုန်ပမာဏ ထိုးကျသွားခဲ့သဖြင့် ကုန်သွယ်ရေး ပိုငွေပြခဲ့သည်။ စီးပွားရေးပညာရှင်များက ဇွန်လ ကုန်သွယ်မှုပိုငွေ ပမာဏ ကန်ဒေါ်လာ ၁.၃၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

     အင်ဒိုနီးရှားနိုင်ငံ၏ ဇန်နဝါရီမှ ဇွန်လအထိ ကုန်သွယ်မှုပိုငွေသည် ကန်ဒေါ်လာ ၁၉.၉၃ ဘီလီယံ ရှိသည်။ စားအုန်းဆီ၊ ကျောက်မီးသွေးနှင့် နီကယ်အပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ ထိပ်တန်း ပို့ကုန် ပစ္စည်းများ၏ ဈေးနှုန်းများ ကျဆင်းလာပြီး ကမ္ဘာ့ဝယ်လိုအားလည်း ကျဆင်းလာသည်။ ပို့ကုန်ဝင်ငွေတွင် ကျောက်မီးသွေးနှင့် စားအုန်းဆီတို့ အလျော့ကျဆုံး ဖြစ်ခဲ့သည်။

Source: https://www.industrialdirectory.com.mm

Category: International News