Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ(၄၈)တန်၊တန်ဖိုး(၀.၀၉၉)ဒေါ်လာသန်း၊ ကြက်သွန်နီ (၇၅) တန်၊ တန်ဖိုး (၀.၀၅၆) ဒေါ်လာသန်း၊ ရော်ဘာစေး(၂၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၂.၀၅) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ Maganese Dioxide(၁၂၁၂) တန်၊ တန်ဖိုး (၀.၀၉၉) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ  တာချီလိတ် ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၈၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၂၀၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၀၇) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၈၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၆၀) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၃၆) ဒေါ်လာသန်း ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၀၀၂)ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၀၂၇) ဒေါ်လာသန်း ၊ သုတ်ဆေး/ ပေါလစ်များ (၀.၀၀၃) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၃) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၁၆၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News