International News

ဗီယက်နမ် အုန်းသီး အမေရိကန်နှင့် တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရန် လမ်းပွင့်

Last Updated:

ဗီယက်နမ်နိုင်ငံ အုန်းစိုက်ပျိုးသူများနှင့် အုန်းသီး စီးပွားရေးလုပ်ငန်းများသည် ပြည်တွင်းနှင့် ပြည်ပဝယ်လိုအားကို ဖြည့်ဆည်းရန် ထုတ်လုပ်မှုကို တိုးချဲ့လျက်ရှိသည်။ အမေရိကန်သည် ဗီယက်နမ်နိုင်ငံ၏ လတ်ဆတ်သော အုန်းသီးများတင်သွင်းရန်  ယခုနှစ် ဩဂုတ်လတွင် တရားဝင် ခွင့်ပြုခဲ့သည်။ တရုတ်နိုင်ငံကလည်း ဗီယက်နမ်အုန်းသီးများ တရားဝင်တင်သွင်းခွင့် ပေးလိုက်သည်။ သို့ဖြစ်ရာ အမေရိကန်နှင့် တရုတ်နိုင်ငံသို့ အုန်းသီးများ အဓိကထားတင်ပို့ရန် လမ်းပွင့်နေပြီဖြစ်သည်။

Mekong Fruit Export Ltd.Co ၏ ဒါရိုက်တာ Bui Duong Thuat မှ ပြောကြားရာတွင် အမေရိကန်ဈေးကွက်သည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် အုန်းသီးတင်သွင်းမှု ဒုတိယအကြီးဆုံးဖြစ်သည်။ နှစ်စဉ် လတ်ဆတ်သော အုန်းသီး ကွန်တိန်နာ ၂၀၀၀ ခန့် တင်သွင်းသည်။  ဗီယက်နမ်ကုမ္ပဏီများသည်  တစ်နှစ်လျှင်  လတ်ဆတ်အုန်းသီး  ကွန်တိန်နာ  ၁၁၀ မှ  ၁၂၀  ကြား  အမေရိကန်သို့ တင်ပို့သည်။ သို့ဖြစ်ရာ တိုးမြှင့်တင်ပို့ရန် အလားအလာကောင်းများ ရှိနေသည်။

ဗီယက်နမ်အုန်းသီး လတ်လတ်ဆတ်ဆတ်များကိုတရားဝင် တင်သွင်းခွင့်ပြုရေး လုပ်ထုံးလုပ်နည်းအရ အတည်ပြုရန် တရုတ်အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့သည် စိုက်ပျိုးဧရိယာများကို လိုက်လံစစ်ဆေးပေးနေသည်။ သို့ဖြစ်ရာ  ဗီယက်နမ်မှ လတ်ဆတ်အုန်းသီးများကို မကြာမီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု မျှော်လင့်ကြောင်း Thuat က ပြောသည်။ အုန်းပင် တပင်သည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အုန်းသီး ၁၄၀ မှ ၁၅၀ ကြား ရရှိသည်။

အုန်းစိုက်တောင်သူများသည် တစ်နှစ်လျှင် တစ်ဟက်တာလျှင် ဒေါင် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၄၂၀၀) အထိ ဝင်ငွေရနိုင်သည်။ Ben Tre သည် ဗီယက်နမ်နိုင်ငံ၏ အုန်းမြို့တော်ဟု လူသိများသည်။ ဗီယက်နမ်နိုင်ငံ အုန်းသီး ထုတ်လုပ်မှု၏ ၄၀% ခန့်ကို ထုတ်လုပ်ပေးသည်။ Ben Tre တွင် ဂျပန်၊ စင်ကာပူ၊ ထိုင်ဝမ် (တရုတ်)၊ ဩစတြေးလျနှင့် ကနေဒါတို့ အပါအဝင် စျေးကွက်များသို့ လတ်ဆတ်အုန်းသီးများ တင်ပို့သည့် လုပ်ငန်း ငါးခု ရှိသည်။ အုန်းသီးကို တရုတ်ဈေးကွက်သို့ တင်ပို့နိုင်စေမည့် ထုပ်ပိုးမှုဆိုင်ရာ ကုဒ်များနှင့် စိုက်ပျိုးဧရိယာကုဒ်များ ရရှိရန် ကုမ္ပဏီပေါင်း ၂၀ ခန့် မှတ်ပုံတင်ထားသည်။

Source bVietnam News/ANN

Source: https://www.foodindustrydirectory.com.mm

Category: International News