International News

ထိုင်းနိုင်ငံရော်ဘာ အထွက်လျော့ကျမည်

Last Updated:

ထိုင်းနိုင်ငံ၏ သဘာဝရော်ဘာအထွက်နှုန်းသည် ရာသီဥတု မူမမှန်ခြင်းကြောင့် ၈-၁၀% ကျဆင်းဖွယ်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အနည်းဆုံးအဆင့်သို့  ကျဆင်းခြင်း ဖြစ်သည်။ အိုစာကာ ကုန်စည်ဒိုင်တွင် ယခုနှစ်စကတည်းက သဘာဝရော်ဘာ ‌ကြို့ပွိုင့်ဈေးနှုန်းများ ၂၅%  နီးပါး ခုန်တက်ခဲ့ပြီး ဈေးအမြင့်မှာ ဆက်ရှိနေသည်။ သို့သော် ရော်ဘာဈေးနှုန်းများသည် ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် တွက်ခြေမကိုက် ဖြစ်နေဆဲဟု ထိုင်းရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ 

ထိုင်းနိုင်ငံ ရော်ဘာအထွက်လျော့ကျမည် ဖြစ်သဖြင့် တန်ချိန် ၄.၆ သန်းမှ ၄.၇ သန်းအထိ ထွက်မည်ဟု ခန့်မှန်းထားသည်။ ရော်ဘာလုပ်ငန်းကဏ္ဍသည် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရိတ်သိမ်းမှု အထွတ်အထိပ်သို့ ရောက်ရှိသည်။ ကုမ္ပဏီများက ဝယ်ယူသိမ်းဆည်းကြသည်။ ရော်ဘာအထွက် ပြန်နည်းသွားသည့် ပထမနှစ်ဝက်တွင် ပြန်ထုတ်ရောင်းကြသည်။သို့သော် ထိုင်းနိုင်ငံရှိ ရော်ဘာစက်ရုံအများစုသည် စွမ်းဆောင်ရည်၏ ၃၀-၄၀% ဖြင့်သာ လည်ပတ်နေကြောင်း Helixtap Technologies ၏ စီအီးအို ဖြစ်သူ Farah Miller က ပြောကြားသည်။
ရော်ဘာစိုက်ခင်းများထံမှ လိုသလောက် အလုံအလောက် မရကြချေ။ ဝင်ငွေပိုကောင်းသည့် နှစ်ရှည်ပင်များဖြစ်သည့် ဒူရင်း၊ အုန်း အစရှိသည်တို့ကို ရော်ဘာအစား စိုက်ပျိုးကြသည်ဟု ၎င်းက ပြောကြားသည်။ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ခဲ့သည်။ ရော်ဘာဝယ်ယူမှု အများဆုံးမှာ တရုတ်နိုင်ငံဖြစ်ပြီး ကမ္ဘာ့ရော်ဘာတင်သွင်းမှု၏ ၄၅% ကို တင်သွင်းသည်။ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၆၀.၆ သိန်း ဝယ်ယူခဲ့သည်။ 

စိုက်ခင်း ထိန်းသိမ်းဂည့် စံနှုန်းများ သိသာစွာကျဆင်းလာကြောင်း၊ ရော်ဘာ စိုက်ခင်းရှင်များအနေဖြင့် ဓာတ်မြေဩဇာ အပါအဝင် စရိတ်စကများ လျှော့ချကာ ရော်ဘာစေးအထွက်နှုန်း ကျဆင်းသွားကြောင်း စိုက်ခင်းမန်နေဂျာ တဦးက ပြောကြားသည်။ ၁.၆ ဟက်တာ၏ ထိုင်းရော်ဘာခြံတစ်ခြံအတွက် နှစ်စဉ်ကုန်ကျစရိတ်မှာ အကြမ်းဖျင်း ဘတ် ၁၁၄,၀၀၀ ရှိကြောင်း စိုက်ခင်းမန်နေဂျာက ပြောကြားသည်။ အိုစာကာ ကုန်စည်ဒိုင် ပေါက်ဈေးအရ ၎င်းရော်ဘာခြံသည် တနှစ်လျှင် ဘတ် ၁၁၇,၅၀၀ ဝန်းကျင် ဝင်ငွေ ရရှိသဖြင့် မပြောပလောက်သော တနှစ်တာ အမြတ်မျှသာ ရရှိသည်။

Source: bangkokpost 

Source: https://www.industrialdirectory.com.mm

Category: International News