Local News

မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ကျားပျံစပါးအချော ၂၄ ပြည်ဝင် အိတ် ၉၈၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်မြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်းက ကျားပျံစပါးအချော ၂၄ ပြည်ဝင်အိတ် ၉၈၀၀၀ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဆန်၊ စပါးရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

မော်လမြို့င်ကျွန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလက ကျားပျံစပါးအချော ၂၄ ပြည်ဝင်အိတ် ၇၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကျားပျံစပါးအချော ၂၄ ပြည်ဝင်အိတ် ၉၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါစပါးကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“မော်လမြိုင်ကျွန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အောက်တိုဘာလက ကျားပျံစပါးအချော ၂၄ ပြည်ဝင်အိတ်ရေ ၉၈၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ မော်လမြိုင်ကျွန်းမြို့နယ်က လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုအများဆုံး တင်ပို့ရောင်းချနေပါတယ်။ ကျားပျံစပါးက အချောအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုအားကောင်းနေပါတယ်။ လက်ရှိစပါးအသစ်တွေ စတင်ပေါ်နေပါပြီ။ ရန်ကုန်ဘက်က ကျားပျံစပါးကို အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ ကျားပျံစပါးအပြင် အခြားအကြမ်းအုပ်စုမှာပါဝင်တဲ့ စပါးအမျိုးအစားတွေကိုလဲ တင်ပို့ရောင်းချနေပါတယ်။ အခြားစပါးအမျိုးအစားတွေနဲ့ယှဉ်ရင် လတ်တလော ကျားပျံစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်ပါတယ်” ဟု ဒေါ်နီနီဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News