International News

Cereulide အဆိပ်အတောက်ပါဝင်မှုကြောင့် ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့်ကာလအတွင်း Nestle နှင့် Dumex အမှတ်တံဆိပ် ကလေး ဖြည့်စွက်စာ အမျိုးအစား ၂ ခုကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် စင်ကာပူ အစားအသောက်အေဂျင်စီက ညွှန်ကြားထား

Last Updated:

    Cereulide အဆိပ်အတောက်ပါဝင်မှုကြောင့် ကြိုတင်ကာကွယ်မှုတစ်ခုအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့်ကာလအတွင်း Nestle နှင့် Dumex အမှတ်တံဆိပ် ကလေးဖြည့်စွက်စာအမျိုးအစား ၂ ခုကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းရန် စင်ကာပူ အစားအသောက်အေဂျင်စီက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကလေးဖြည့်စွက်စာ အမျိုးအစား ၂ ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကုန်စည်အမည်

ထုတ်ပိုးမှု

အရွယ်အစား

Batch

သက်တမ်း

ကုန်ဆုံးရက်

ပင်ရင်းနိုင်ငံ

Nestle NAN

HA1

SupremePro

၈၀၀ ဂရမ်

52340017C3

31/08/2027

ဆွစ်ဇာလန်

Dumex

Dulac 1

၈၀၀ ဂရမ်

101570778C

03/09/27

Thailand

    စင်ကာပူအစားအသောက်အေဂျင်စီက စင်ကာပူအခြေစိုက် SMC Nutrition သည် ကလေးဖြည့်စွက်စာ ထုတ်လုပ်ရာတွင် Cereulide ကုန်ကြမ်း အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါထုတ်ကုန်များ တင်ပို့မှုကို ရပ်နားထားရန်နှင့် တင်သွင်းမည့်နိုင်ငံများ၏ သက်ဆိုင်ရာဌာနများသို့ အသိပေးအကြောင်းကြားရန် SMC Nutrition ကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ Cereulide သည် အဆိပ်တစ်မျိုးဖြစ်ပြီး ၎င်း၏လက္ခဏာများမှာ မအီမသာဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်ကြောင်း၊ Cereulide ပါဝင်သည့် အစားအစာကို စားသုံးပြီးနောက် မိနစ် ၃၀ မှ ၆ နာရီအတွင်း လက္ခဏာပြလေ့ရှိကြောင်း၊ ကလေးသူငယ်များနှင့် ခုခံအားနည်းသူများ စားသုံးမိပါက စိုးရိမ်ရကြောင်း၊ Cereulide နှင့် ဆက်နွယ်မှုရှိသည့် ဖြည့်စွက်စာကို စားသုံးမိသူတစ်ဦး၏ လက္ခဏာပြမှုမှာ မပြင်းထန်ကြောင်း၊ လက်ရှိအချိန်အထိ Cereulide အဆိပ်သင့်မှုရှိကြောင်း သိသာထင်ရှားသည့် ဓာတ်ခွဲစမ်းသပ်မှုရလဒ် မရှိသေးကြောင်း၊ ကူးစက်ရောဂါအေဂျင်စီ (The Communicable Diseases Agency)၊ စင်ကာပူအစားအသောက်အေဂျင်စီနှင့် ဆေးဖက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ ပူးပေါင်း၍ ကလေးသူငယ်များတွင် Cereulide ကြောင့် အဆိပ်သင့်မှု ဖြစ်ပေါ်လာနိုင်သည့်အလားအလာကို စောင့်ကြည့်လျက်ရှိကြောင်း၊ ဈေးကွက်မှ ပြန်လည် သိမ်းဆည်းရန် ထုတ်ပြန်ထားသည့် ကလေးဖြည့်စွက်စာ အမှတ်တံဆိပ်များကို ဝယ်ယူထားပြီးဖြစ်ပါက ကလေးများကို မတိုက်ကျွေးရန် အကြံပြုကြောင်းနှင့် စားသုံးမိပြီး အဆိပ်သင့်လက္ခဏာများဖြစ်ပေါ်ပါက ဆေးဖက်ဆိုင်ရာအကြံပြုချက်ကို ချက်ချင်းရယူသင့်ကြောင်း ကြေညာထားပါသည်။

ရင်းမြစ်။        စင်ကာပူအစားအသောက်အေဂျင်စီ

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News