Local News

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာဝမ်ယွိပေါ်အား အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံဆွေးနွေး

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yu Bo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Horizon Lake View Resort ၌ ယနေ့နေ့လယ်တွင် အလုပ်သဘောနေ့လယ်စာ (Working Lunch) ဖြင့် တည်ခင်းဧည့်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။နေ့လယ်စာမသုံးဆောင်မီ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ရုံသာမက အဓိကကုန်သွယ်ဖက်နိုင်ငံများလည်းဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုကို အလေးထားပြီး ကုန်စည်များ အဆင်ပြေချောမွေ့စွာစီးဆင်းနိုင်ရေးအတွက်  နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရေးတို့အား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ နေ့လယ်စာစားပွဲသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး H.E. Mr. Chen Hai ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source: https://commerce.gov.mm

Category: Local News