International News

မလေးရှားနိုင်ငံ၏ စားအုန်းဆီသိုလှောင်မှုသည် ဧပြီလအထိ ၆ လတာမြင့်မားခဲ့

Last Updated:

အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့်နိုင်ငံဖြစ်သော မလေးရှားနိုင်ငံသည် ထုတ်လုပ်မှုတိုးမြင့်လာခြင်းကြောင့် ဧပြီလတွင် စားအုန်းဆီသိုလှောင် မှု မြင့်တက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ မလေးရှား စားအုန်ဆီဘုတ်အဖွဲ့၏ အဆိုအရ မလေးရှားစားအုန်းဆီ သိုလှောင်မှုသည် မတ်လမှဧပြီလတွင် တန်ချိန် ၁.၈၇ သန်းအထိ ၁၉.၃၇ ရာခိုင်နှုန်းတိုးလာပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ နိုင်ငံ၏ စားအုန်းဆီကြမ်းထုတ်လုပ်မှုသည် ဧပြီလတွင် တန်ချိန် ၁.၆၉ သန်းအထိလစဉ် ၂၁.၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ တစ်ချိန်တည်းတွင် မလေးရှား စားအုန်းဆီတင်ပို့မှုသည် လစဉ် ၉.၆၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၁.၁ သန်းရှိခဲ့သည်။ သို့သော် ၎င်း၏ တင်သွင်းမှုသည် လစဉ် ၅၂.၁၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅၈၂၉၂ တန်ရှိခဲ့သည်။

Source : Xinhua

Source: https://www.doca.gov.mm

Category: International News