ရွှေမန်း
ယခုရက်ပိုင်းအတွင်း မန္တလေးဈေးကွက်သို့ ပေါ်ဦးပေါ်ဖျား ဂျပန်နှမ်းဖြူများ အဖွင့်ဈေးကောင်းဖြင့် ဝင်ရောက်လာကာ အရောင်းအဝယ်များသွက်လက်မြန်ဆန်နေကြောင်း မန္တလေးမြို့ရှိ နှမ်းကုန် သည်များထံမှ သိရသည်။ အဆိုပါ ဂျပန်နှမ်းဖြူမှာ လက်ရှိတွင် မန္တလေးဈေးကွက်သို့ ကျောက်ဆည်နယ်ဒေဒေဝိုက်မှ ဝင်ရောက်လာကြောင်း၊ ဂျပန်နှမ်းဖြူသည် ပြီးခဲ့သည့်နှစ်ကာလတူအချိန်က သုံးတင်းဝင်တစ်အိတ် လျင်ငွေကျပ် ၂၇၀၀၀၀ ရှိခဲ့ရာမှ ယနေ့ပေါက်ဈေးများအနေဖြင့် သုံးတင်းဝင်တစ်အိတ်လျှင်ငွေကျပ် ၃၇၃၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင် မြင့်တက်လာကာ ဈေးနှုန်းကောင်းများရရှိနေကြော
"မန္တလေးေစျးကွက်ကို ကျောက်ဆည်နယ်ဒေသကနေ ဂျပန်နှမ်းဖြူတွေ ဝင်ရောက်နေပါတယ်။ ဂျပန်နှမ်းဖြူမျိုးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် က ဂျပန်နှမ်းမျိုးကို ယူပြီးတော့စတင်စိုက်ပျိုးခဲ့လို့
အဆိုပါ နှမ်းသီးနှံကို သီးထပ်အဖြစ် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးရက် ၁၀၀ အတွင်း ပေါ်ထွက်လေ့ရှိသော သီးနှံဖြစ်သည့်အပြင် ရောင်းချရာတွင်လည်း အခက်အခဲမရှိသော မြန်မာ့ထွက်ကုန် တစ်ခုဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အဓိကစိုက်ပျိုးလျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် လယ်တွင်းကိုးခရိုင်မှ ထွက်ရှိလာသည့် ဂျပန်နှမ်းဖြူများသည် ဈေးကွက်အတွင်း၌ လူကြိုက်အများဆုံးဖြစ်ကြောင်း သိရသည်။
Source: မကွေးဂျာနယ်