Local News

မုံရွာမြို့နယ်အတွင်း အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံဈေးနှုန်း/ ဈေးကွက်အခြေအနေ

Last Updated:

ဇွန်လ တတိယပတ်တွင် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ထဲမှ ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံးရိုးရိုး၊ မြေထောက်ပဲ(ဖြူ)၊ ပုဂံပဲ၊ ပဲယင်းဝါ၊ ပဲပုတ်စေ့နှင့် နှမ်းညို ဈေးနှုန်းများ ဈေးငြိမ်၍ ပဲစဉ်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းကြီး၊ ကုလားပဲဖြူ လုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ 929 ဈေးနှုန်းများ ကျဆင်း သွားပြီး၊ Cp ပြောင်းဖူးစေ့၊ ပဲနီလုံးကြား၊ ပဲကြီး၊ နှမ်းဖြူနှင့် နှမ်းနက်ဈေးနှုန်းများ မြင့်တက်သွားသည်။ ဇွန်လ တတိယပတ်တွင် သီးနှံများ တစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၂၅၀၀-၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံ (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ (၇၂၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၅၈၀၀၀-၄၄၀၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၄၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်း လျှင် (၈၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၂၅၀၀-၇၃၅ ၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင်  (၉၉၀၀၀-၁၀၀၀၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်ပတ်တွင် ကာလတူပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် တစ်တင်း လျှင် (၅၃၅၀၀)ကျပ်၊ ပဲစဉ်းငုံတစ်တင်းလျှင် (၁၀၂၆၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၇၈၀၀၀-၈၀၀၀၀)ကျပ်၊ ပဲတီစိမ်း(ကြီး) (၅၆၅၀၀-၄၃၀ ၀၀)ကျပ်၊ ပဲတီစိမ်း(သေး) (၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၅၁၀၀၀) ကျပ်၊ ပဲနီလုံးရိုးရိုး (၅၂၀၀၀)ကျပ်၊ မြေထောက်ပဲ(ဖြူ) တစ်တင်းလျှင် (၈၂၀၀၀)ကျပ်၊ ပုဂံပဲ (၈၁၀၀၀)ကျပ်၊ ပဲယင်း ဝါ (၅၁၀၀၀)ကျပ်၊ ပဲပုတ်စေ့ (၇၃၅၀၀)ကျပ်နှင့် ပဲကြီး တစ်တင်းလျှင် (၉၅၀၀၀-၈၅၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ကာလတူအချိန်နှင့် ဈေးနှုန်းများနှိုင်းယှဉ်ပါက ဂျုံဖြူသန့်၊ ပဲတီစိမ်းသေး၊ ပဲနီလုံး ရိုးရိုး၊ မြေထောက်ပဲ(ဖြူ)၊ ပုဂံပဲ၊ ပဲယင်းဝါ၊ ပဲပုတ်စေ့ဈေးနှုန်းများဈေးငြိမ်၍ ပဲစဉ်းငုံ တစ်တင်းလျှင် (၆၀၀)ကျပ်၊ မတ်ပဲတစ်တင်းလျှင် (၈၀၀၀)ကျပ်၊ ပဲတီစိမ်းကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်နှုန်း ကျဆင်းသွားပြီး၊ ပဲနီလုံးကြား တစ်တင်းလျှင် (၃၀၀၀)ကျပ်နှင့် ပဲကြီးတစ်တင်းလျှင် (၅၀၀၀)ကျပ် မြင့်တက်နေကြောင်းသိရသည်။

 ကုလားပဲ(မျိုးစုံ) ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၀၀၀၀)ကျပ်၊ 929 (၈၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူ လုံးကြီး တစ်တင်းလျှင် (၉၁၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၉၁၅၀၀)ကျပ်၊ 929 (၉၀၅၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခင်ပတ်ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးသေးနှင့် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၁၅၀၀)ကျပ်၊ 929 တစ်တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းများ ကျဆင်းသွားကြောင်းသိရသည်။ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၈၀၀)ကျပ် ပေါက်ဈေးရှိသည်။ ယခင်အပတ် ကာလတူပေါက်ဈေးနှုန်းမှာ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၁၉၇၀၀)ကျပ်ရှိ၍ ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက CP ပြောင်းဖူးစေ့ ဈေးအနည်းငယ် မြင့်တက် သွားကြောင်း သိရပါသည်။

ယခုပတ် မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျှက်ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေအနေမှာ နှမ်းညိုဈေးနှုန်းများ ဈေးငြိမ်ပြီး၊ မြေပဲလုံးဆံဖြူ၊ မြေပဲလုံးဆံနီ၊ နှမ်းနက် နှင့် နှမ်းဖြူဈေးနှုန်းများ အနည်းငယ် မြင့်တက်နေကြောင်းသိရသည်။ ယခုပတ်တွင် နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ (သ/ဟ) တစ်တင်းလျှင် (၁၁၉၀၀၀)ကျပ်၊ နှမ်းနက် (သ/ဟ) တစ်တင်းလျှင် (၁၁၀၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူပေါက်ဈေးနှုန်းမှာ နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ နှမ်းဖြူ(သ/ဟ) တစ်တင်းလျှင် (၁၁၇၀၀၀-၁၁၅၀၀၀) ကျပ်၊ နှမ်းနက်(သ/ဟ)  တစ်တင်းလျှင် (၁၀၈၀၀၀-၁၀၀၀၀၀)ကျပ်ရှိပြီး ကာလတူ နှိုင်းယှဉ်ပါက နှမ်းညိုဈေးငြိမ်နေပြီး၊ နှမ်းနက်နှင့် နှမ်းဖြူဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ ယခုပတ် ဆီဈေးမှာ ပဲဆီတစ်ပိဿာ ၁၃၅၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိ၊ နှမ်းဆီတစ်ပိဿာ ၁၂၅၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်ထိ ပေါက်ဈေးရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News