Local News

ပြည်ပဲကြီး နှစ်စဉ်ဈေးကောင်းရလျက်ရှိ

Last Updated:

     ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲကြီးသီးနှံအနေဖြင့် မတ်ပဲ၊ ကုလားပဲသီးနှံများနှင့် နှိုင်းယှဉ်လျှင် ဈေးပိုရလျက်ရှိပြီး ပဲလက်ကျန်ရှိမှုအပေါ် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ပြည်ပဲကြီးကို ပဲခွဲစက်သမားများ အဓိကဝယ်ယူကြပြီး ရန်ကုန်ဝယ်လက်လည်းရှိသည့်အတွက် အိတ် ၂၀၀/ ၃၀၀ ကျော် နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

    ပဲကြီးဈေးနှုန်းမှာ ရွှေကျွန်းတစ်တင်းလျှင် ငွေကျပ် ၉၇၀၀၀၊ ကမ်းနားတစ်တင်းလျှင် ငွေကျပ် ၉၃၀၀၀ ဖြင့် အသီးသီးရောင်းဝယ်ဖြစ်နေကြကြောင်း၊ ပဲကြီးသီးနှံမှာ အခြားပဲများနှင့် နှိုင်းယှဉ်လျှင် နှစ်စဉ်ဈေးကောင်းရသောကြောင့် ယခင်နှစ်က ဇူလိုင်လတွင် တစ်တင်းလျှင် ငွေကျပ် ၇၅၀၀၀ ဖြင့် ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရလျက်ရှိပြီး ယခုနှစ်တွင်လည်း တစ်တင်းလျှင် ငွေကျပ် တစ်သိန်းနီးပါးအထိ ရရှိနေသောကြောင့် လှောင်၍ထားသော ပဲကြီး များကို ပဲလက်ကျန်သမားများ ထုတ်ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။

Source: မြန်မာ့အလင်းသတင်းစာ

Category: Local News