Local News

လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Last Updated:

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက် ဖြင့် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာ‌သော Dongfeng EX1 Nano Box အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၅) စီး၊ Dongfeng E70 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် (၂) စီး၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော BAIC ARCFOX α T အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ် (၂၀) စီး၊ စုစုပေါင်း လျှပ်စစ်သုံးမော်တော်ယာဉ် (၂၇) စီးနှင့် Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 7 KW) (၂၀) ခုသည် ရန်ကုန်ဆိပ်ကမ်း သို့ ရောက်ရှိလာပါသဖြင့် (၁၈-၈-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များတင်သွင်းမှုအတွက် အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားကြောင်းသတင်းရရှိပါသည်။

source: https://www.commerce.gov.mm/

Category: Local News