Local News

ကျောက်ဆည်ဒေသထွက်ပဲမြစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ

Last Updated:

ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်ဒေသများတွင် ရာသီချိန်သီးနှံအဖြစ် ပဲမြစ်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ကျေးရွာများရှိ တောင်သူများသည် ပဲမြစ်ကို နှစ်စဉ်စိုက်ပျိုးလာ ကြကြောင်း၊ ကျောက်ဆည်ခရိုင်မှစိုက်ပျိုးထွက်ရှိလာသော ပဲမြစ်များသည် အခြားဒေသမှ ထွက်ရှိသော ပဲမြစ်များထက် အရွယ်အစားသေးငယ်ပြီး အရသာမှာစိမ့်ပြီး စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ဒေသထွက် ပဲမြစ်များမှာလူသိထင်ရှားပြီး စားသုံးသူအဝယ်များကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ထွက်ရှိလာသောပဲမြစ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အနယ်နယ်အရပ်ရပ်ရှိ မြို့ကြီးများသို့ ရောင်းချလျက်ရှိကြောင်း၊ ပဲမြစ်ကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုး၍ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် တူးဖော်ရောင်းချလျက်ရှိကြောင်း၊ စိုက်ပျိုးရာတွင် ဘောင်များပြုလုပ်၍ အစေ့ချစိုက်ပျိုးပြီး မျိုးအနေဖြင့် (၁) ဧကလျှင် နှစ်တင်းခွဲနှုန်း အသုံးပြုပါကြောင်း၊ ပဲမြစ်မျိုးကို မလှိုင်မျိုးနှင့် ဝက်ဝံမျိုးများကို အများဆုံးစိုက်ပျိုးပြီး တစ်တင်းလျှင် (၂၅၀,၀၀၀)ကျပ်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်မှာ (၁,၅၀၀,၀၀၀) ကျပ် ဝန်းကျင်ခန့် ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧက ပျမ်းမျှပိဿာ (၈၀၀-၉၀၀) ပိဿာခန့် ထွက်ရှိပြီး ပဲမြစ်စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (5,500 မှ 6,000) ကျပ်ရှိပြီး ယခုအချိန် ပဲမြစ်များ လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၃,၀၀၀-၃,၅၀၀) ကျပ်​ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧက အကျိုးအမြတ် အနေဖြင့် (၈၅၀,၀၀၀-၉၀၀,၀၀၀) ကျပ် ဝန်းကျင်ခန့်ရရှိကြောင်း ပဲမြစ်စိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောပြချက် အရသိရသည်။

Source: DOCA (မန္တလေး)

Source: https://commerce.gov.mm

Category: Local News