Local News

ပြည်ပဲဈေးကွက်၌ ဈေးနှုန်းအမြင့်ဆုံးဖြင့် ပဲနီပြားဟောင်းများရောင်းဝယ်မှုဖြစ်

Last Updated:

ပြည်ပဲဈေးကွက်၌ ပဲသီးနှံအားလုံးနီးပါးမှာ ဈေးအမြင့်ဖြင့် ရောင်းဝယ်လျက်ရှိကြရာ နှစ်ဆန်းပိုင်းကာလတွင်မူ ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများလည်း ဈေးနှုန်း များဆက်တိုက်မြင့်လာပြီး ပြည်တွင်းဝယ်လက်များနှင့် ပြည်တွင်းစားသုံးမှုများသော ပဲနီပြားသီးနှံအနေဖြင့် ဈေးကွက်၌ ဈေးနှုန်းတရိပ်ရိပ်ထပ်တက်လာခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလလယ်တွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ၁၄၀၀၀၀ ကျပ်မှ ၁၄၅၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် ပဲဈေးကွက်မှာ ပဲအားလုံး၏ ဈေးနှုန်းများထက် အမြင့်ဆုံးဖြစ်ခဲ့သည်ဟုသိရပါသည်။ ယခုကာလ၌ ပဲနီပြားသီးနှံသစ်များဝင်ရောက်ခြင်းမရှိသေးဘဲ ပဲဟောင်းလက်ကျန်များဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ယခင်နှစ်တွင် ပဲနီပြားသီးနှံဈေးနှုန်းမှာ နှစ်ဆန်းပိုင်းကာလတွင် ပိဿာ(၂၀)ဝင်တစ်တင်းလျှင် ကျပ် ၅ သောင်းကျော်သာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ဈေးနှုန်းများသိသိသာသာမြင့်တက်လာခဲ့ကာ လှောင်ပဲသမားတချို့မှာ အကျိုး အမြတ်ပိုခဲ့သည်ဟုသိရပါသည်။

Source: https://www.doca.gov.mm

Category: Local News