Local News

စပါးစိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်

Last Updated:

ကယားပြည်နယ် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း၊ နှမ်း နှင့် ပဲအမျိုးမျိုးတို့ကို စိုက်ပျိုးကြပါသည်။ ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော စပါးဈေးနှုန်းများမှာ ( ၂၀၀၀ ကျပ် မှ ၂၂၀၀ ကျပ် ) အကြား အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။

အဆိုပါ လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် စပါးများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ စပါး(မိုး)စိုက်ဧကမှာ ၇၀၈၉၃ ဧက၊ ရိတ်ဧကမှာ ၇၀၈၉၃ ဧက၊ ၁ ဧကအထွက်နှုန်းမှာ ၆၈ တင်းခန့်နှင့် စုစုပေါင်း အထွက်မှာ ၄၈၅၄၃၆၅ တင်းခန့် ထွက်ရှိပြီး စပါး(မိုး) ၁ ဧက စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များအနေဖြင့် ၈၃၂၂၀၀ ကျပ်ခန့် ကုန်ကျလျှက် ရှိပါကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရသိရှိရပါသည်။

ယခင်လဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် ၂၀၀ ကျပ်မှ ၂၅၀ ကျပ်အကြား မြှင့်တက်လျှက်ရှိပါသည်။ ပြည်နယ်အတွင်းထွက်ရှိသည့် စပါးများကို တောင်ကြီးမြို့နှင့် မန္တလေးမြို့ များသို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိပြီး သယ်ယူကုန်ကျစရိတ်များ အနေဖြင့် လွိုင်ကော်မြို့ မှ တောင်ကြီးမြို့သို့  စပါးတစ်ပိဿာလျှင် ၂၂၀ကျပ် မှ ၂၅၀ ကျပ်ခန့်၊ လွိုင်ကော်မြို့ မှ မန္တလေးမြို့သို့ စပါး တစ်ပိဿာလျှင် ၃၅၀ ကျပ် မှ ၄၀၀ ကျပ်ခန့် ကုန်ကျလျက်ရှိပါကြောင်း စပါး ကုန်သည် တစ်ဦးထံမှ သိရှိရပါသည်။

Source:   https://www.doca.gov.mm/

Category: Local News