International News

ဗီယက်နမ်နိုင်ငံ ၏ ဒူးရင်းသီးတင်ပို့မှုမှာ တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်ခြင်းကြောင့် ဇန်နဝါရီမှ မေလအတွင်း ၁၈ ဆမြင့်တက်

Last Updated:

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ဒူးရင်းသီးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရရှိခဲ့ပြီး ယမန်နှစ်ကာလတူကထက် ၁၈ ဆ မြင့်တက်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇွန်၂၀ ရက်၌ ဖော်ပြခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ဇန်နဝါရီလမှ မေလအတွင်း ဒူးရင်းသီးတန်ချိန် ၆၅,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှု၏ ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ၂၀၂၂ ခုနှစ် စုစုပေါင်းတင်ပို့ခဲ့ရမှုထက် ၄၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ သိရသည်။

        ဗီယက်နမ်နိုင်ငံ၌ မေလတွင် ခူးဆွတ်သည့် ရာသီရောက်ရှိခဲ့ရာ ဒူးရင်းသီးတင်ပို့မှုတန်ဖိုးမှ အမေရိကန်ဒေါ်လာ ၃၃၂ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဧပြီလထက် ၁၀ ဆ ပိုမိုများပြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် အပူပိုင်းသစ်သီးများကို ကြိုက်နှစ်သက်ကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံသည် ယမန်နှစ်က ဒူးရင်းသီးတန်ချိန် ၈၂၅,၀၀၀ တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန် အချက်အလက်များအရ သိရသည်။ ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရနိုင်ကြောင်း ခန့်မှန်းထားသည်။ 

Source: https://xinhuamyanmar.com

Category: International News